IOT
အခုရက်တွေမှာ Work From Home များပါတယ်၊ အလုပ်က အိမ်ကနေလဲ လုပ်လို့ရတဲ့ အလုပ်အမျိုးအစားဖြစ်လို့ သိပ်တော့ ပြသနာမရှိပေမဲ့ ပျင်းတဲ့ ရောဂါကတော့ တိုးလာပါတယ်၊ MPU9250၊ MPU6050 နဲ့ WitMotion Tilt meter တွေကို စမ်းဖို့ စဉ်းစားမိပါတယ်၊ လိုအပ်တာတွေဝယ်ဖြစ်ပါတယ် Sensor စျေးတွေက စျေးမကြီးပါဘူး၊ နောက် ESP8266၊ Pi Pico နဲ့ Raspberry Pi zero နဲ့ 3 နဲ့ 4 ပါ ဝယ်ဖြစ်ပါတယ်၊ Idea ကတော့ Pi 3 နဲ့ 4 ကို Server အနေနဲ့ ထားမယ်၊ Pi Zero၊ ESP ကိုတော့ Sensor နဲ့ ချိတ်ပြီး Client ထားချင်တာပါ၊ Pi Pico ကိုတော့ Micropython နဲ့ အသစ်အဆန်းမို့ စမ်းချင်လို့ပါ။
MPU6050 နဲ့ MPU9250 ကို I2C နဲ့ ချိတ်မယ်၊ Pi Zero မှာတော့ MQTT ကို Python နဲ့ run ပြီး Pi Server ဆီကို ပို့မယ်ပေါ့၊ MPU6050 ကို ESP8266 နဲ့ ချိတ်မယ် သူလဲ MQTT ကနေ ဆာဗာ ဆီပို့မယ်၊ Pi Server မှာတော့ Node red နဲ့ MQTT ဆာဗာ သွင်းထားမယ်၊ MQTT က ရောက်လာတဲ့ ဒေတာကို Topic အလိုက် InfluxDB မှာ သိမ်းမယ်၊ Grafana ကိုတော့ Plot လေးတွေ Timeseries လေးတွေ သေချာ လှလှပပ ကြည့်မယ်ပေါ့၊
လုပ်ရမယ့် အဆင့်တွေကများတယ်ဆိုပေမဲ့ လွယ်ကူပါတယ်။ MPU6050 နဲ့ MPU9250 တွေကို Calibration လဲ လုပ်ချင်တယ် နောက်ပြီး Kalman Filter လေးလဲ ခံချင်ပါတယ်၊ သူတို့က Gyro ရော Accelerometer ရောပါပါတယ် MPU9250 က Megnet ပါပါတယ်၊ ကျွန်တော်က Inclinometer အဖြစ်သုံးမှာ ဆိုတော့ Accelerometer ကိုပဲသုံးမယ် MPU6050 ကိုတော့၊ MPU9250 ကိုတော့ Sensor Fusion ပါစမ်းမယ်၊ Temperature ကိုတော့ မသုံးတော့ ဘူး၊ InfluxDB က အချိန်ကြာလာတာနဲ့ အမျှ Pi မှာ လေးလာနိုင်လို့ပါ၊ ESP နဲ့ Pi Zero အတွက်ကတော့ သူများရေးပြီးသား ကိုပဲ ကူးယူတယ်၊ MQTT ပိုင်းနဲ့ ကိုယ်မလိုတာ ပြန်ဖြုတ်တယ် Modifiled လုပ်ရုံမှာပဲ၊
ကျွန်တော် Router ရဲ့ local IP က 10.0.1.XX နဲ့ စတယ်၊ Pi ကို ချိတ်ပြီး Local IP ကိုစစ်ပြီး MQTT IPအနေနဲ့ Client Program တွေမှာထည့်တယ်၊
Node red ကတော့ အတော်ကို အဆင်ပြေတယ် MQTT ကရလာတာကို လွယ်လင့် တကူ InfluxDB ထဲ ထည့်ပေးရုံပဲ၊ တခုပဲ MQTT က String နဲ့လာတာကို Grafana မှာ Timeseries Analysis လုပ်တော့ float တန်ဖိုးနဲ့လိုချင်တယ်၊ MQTT input နဲ့ InfluxDB ကြားမှာ Function တခုခံပေးလိုက်ရင် ပြေသွားတယ်၊ Javascript နဲ့ ဆိုတော့ နဲနဲ Google မှာ လိုက်ရှာရတာနဲ့ Easy ပါပဲ။
Node red မှာလဲ Plot တွေ ပြလို့ရတယ်၊ Grafana ကတော့ ပို လှတာပေါ့ လွယ်လဲလွယ်တယ်လေ။ စက်ကို run ထားတာ ၁ ပတ်လောက်ကြာတော့ Pi မှာ တင်ထားတဲ့ Influx က သိပ်အဆင်မပြေတော့ဘူး၊ Error တွေ များတာရယ်။ Grafana မှာ Refersh လုပ်ရင် တော်တော်နဲ့ ပေါ်မလာတော့ဘူး။
အဲ့တာနဲ့ပဲ Digitalocean ကနေ VPS တခု ဝယ် Node red MQTT influxDB Grafana နဲ့ Webserver တခု သွင်းလိုက်တော့တယ်၊ DO Server ကို Ubuntu သွင်းတယ်၊ Hacker ကြောက်လို့ ssh ကို root ဖျောက်လိုက်တယ်၊ Domain Name မဝယ်ချင်သေးဘူး စမ်းနေတာမို့လို့ IP နဲ့ပဲ အိမ်က Sensor တွေရဲ့ ဒေတာပို့တယ် Grafana နဲ့ ပြန်ကြည့်တယ် Telegram ထဲကို Alert Noti ပို့တာ စမ်းတယ်၊ Node red ကို လုံခြုံရေး မြင့်တာကိုပါ လုပ်ဖြစ်တယ်၊ အားလုံး ကလိလို့ ၀တော့မှ Sensor တွေကို ပြန်လှည့်တယ်၊ ပါဝါပိုင်းဆိုင်ရာပေါ့၊ USB ပါဝါ တိုင်းတာရှိတယ်၊ Pi Zero နဲ့ ESP ကိုတော့ မပြပေးဘူး A သုံးတာ အရမ်းနဲလို့ အဲ့ဒီတော့ ရှိတဲ့ Power Bank နဲ့ ဘယ်နှစ်ရက် အသုံးခံသလဲ စမ်းရတာပေါ့၊
အခုလို IOT ကို အစအဆုံး သေချာလေ့လာလိုက်တော့မှ အပျင်းပြေသွားတယ် lora နဲ့ NRF Radio တွေ ဝယ်ထားတယ်၊ ဆက်ကလိဖို့က နဲနဲ ပျင်းသွားပြန်ပြီ။ ခဏထားလိုက်ဦးမယ် Sensor တွေကတော့ ဆက် run ထားတယ်၊ Witmotion က tiltmeter လဲ ဝယ်ထားတော့ MPU တွေက ရတာနဲ့ စျေးကြီးတဲ့ ကောင်နဲ့ နိုင်းယှဉ်လို့ရအောင်၊ ရည်ရွယ်ချက်ကတော့ ဘုရားတွေနဲ့ Landslide ဖြစ်တဲ့ နေရာတွေမှာ Tile meter နဲ့ ကျွန်တော့် GPS CORS တက်ပြီး Monitoring လုပ်ချင်လို့၊
အခုတော့ အတော် ပြန်ပျင်းနေလေရဲ့
ကိုပြည့်