Showing posts with label Field Engineer Life. Show all posts
Showing posts with label Field Engineer Life. Show all posts

Sunday, 8 May 2022

မိန်ရာဟင်းကောင်း

ကျွန်တော်သည် နီပေါနိုင်ငံမှာ Airborne LiDAR မတိုင်းခင် လိုအပ်သော မြေပြင်ကွင်းဆင်းခြင်း၊ ယာယီ GPS Control Point များအတွက် နေရာရှာခြင်း အိမ်ရှင်များနှင့် ညှိနိုင်းခြင်း၊ GCP များ တိုင်းတာခြင်းကို ပြုလုပ်ရန် ကြိုတင်ပြီး ကွင်းဆင်းရ၏၊ တောတောင်သည် ထူထပ်သည် သားရဲတိရိစ္ဆာန်များပေါများလှသည်။ ခရီးက ကားလမ်းကြမ်းသည်။ တောထဲ လမ်းလျောက်ရသည်။  ပတ်ခန့် ကွင်းဆင်းပြီးချိန်မှာ ကျွန်တော်ရုပ်ရေသည် ပြောင်းလာခဲ့သည်။ ပင်ပန်းတာများတော့ စိတ်လဲ တိုလာသည်။ ကိုယ်တာဝန်ခံထားသည့် အလုပ် ဆိုတော့ အမှားမပါလို၊ ထို့ကြောင့် ပိုအားစိုက်ရ၍ ပိုပင်ပန်း သည်။

ကျွန်တော်တို့ တိုင်းတာ စစ်ဆေးမှုတွေလုပ်ပြီး နေရာတခုမှ တခု ပြောင်းရသည်။ ယခုပြောင်းမည် နေရာသစ်က တည်းခိုခန်းမရှိ အိန္ဒိယ နယ်စပ်ဖြစ်သည်။ မနက်ကတည်းက ခရီးစထွက်လာတာ ညနေ  နာရီထိ မရောက်သေး အင်တာနက်က လမ်းတွင်မရပါ၊ လမ်းကြောင်းကို ကျွန်တော်ပဲပြရသည်၊ ညက ဖုန်း GPS မှာ ကြည့်ထားသမျှ လက်ကျန်မြေပုံလေးတွေနဲ့ ခရီးဆက်နေရသည်၊ မြေပုံမှာပဲ လမ်းကြောင်းပုံ တချို့နေရာအတွက်မရှိပါ။ ဗိုက်က လွန်စွာဆာသည်။ ကားဆရာတွေကိုလဲ အားနာသည်။ ပါလာသော အဖွဲ့ကိုလဲ အားနာသည်။ ရှေ့ဆိုင်တွေ့တာနဲ့ စားမည်ဟု ဆုံးဖြတ်ထားသည်။


ဒါနဲ့ ဆိုင်တွေ့တော့ ကားကိုရပ်ခိုင်းသည်၊ နောက်ကားက လဲ လိုက်ရပ်သည် ကဲစားမယ်ဆိုပြီး ပြောတော့ ကားဆရာတွေကတော့ စားလိုကြသည်။ နီပေါက အရာရှိက ကျွန်တော်ကို ပြောသည် သူ့ အသိရောက်မှ စားမည်ဟု ပြောတော့ စိတ်က တိုသည် ကဲဘာလို့လဲ ဒီမှာ လူကုန်ဗိုက်ဆာနေပြီဟု ပြောတော့ သူက ဒီဒေသမှာ အဆိုးဆုံးက ဝမ်းရောဂါပဲ လူသစ်တွေဆို ဝမ်းကိုက်မှာ သေချာတယ် ဒါကြောင့်မစားနဲ့လို့ပြောကြောင်း ရှင်းပြသည်။ အော် ဟုတ်ပေတာပဲ တခါတခါ ကိုယ်က ဦးဆောင်တိုင်းလျောက်လုပ်လို့မရ၊ တခါတခါ သူတို့ အကြံတွေ ကိုလက်ခံရသည်။ ပိုပြီး အဆင်ပြေမှာဖြစ်သည်။


ညနေ  နာရီကျော် ဆောင်းအစမို့ မှောင်မှရောက်သည်။ ရွာအိမ်တအိမ်မှာ တည်းရသည်။ ကျွန်တော် တည်းဖို့ရန် သူတို့ အခန်းတခုပြင်ပေးသည်။ ညစာ ကို ချက်ချင်း ပြင်သည် ထမင်းချက်သည်။ နီပေါ လက္ဘရည်သောက်ရင် စောင့်ရသည်။ ပဲဟင်းရည် နှင့် ကြက်သား သည်  ထမင်း လွန်စွာလိုက်ဖက်သည် မြေပေါ်မှာ စားရပင်မဲ့ ဆာနေတော့ အတော် စားလိုက်မိသည်။ တကယ့်ကို မမေ့စရာ မိန်ရာဟင်းကောင်းဖြစ်သည်။ ပဲဟင်းကတော့ သူတို့ ထမင်းမှာ မပါမဖြစ်ပါ အိမ်ရှေ့တိုင်းမှာ စပါးကျီ လို တွေရှိသည် ပဲတွေ ထည့်ထားသည်ဟု သိရသည်။


ဒီနေရာမတိုင်ခင် ကွင်းတခုမှာ ကျားတွေ့ထားသော ကျွန်တော်တို့ အဖွဲ့သည် ကျားကို အရမ်းကြောက်နေကြသည်။ ကျွန်တော်ဆို တောထဲမှာ အရင်ဆို  ကီလိုလောက် တိုးသည်။ အခုတော့ သစ်တောက အရာရှိက ဒီတောမတိုးနဲ့ ဘင်္ဂလားကျားရှိတယ်ဘယ်လောက်ကတွေ့ထားတယ် စသည်ဖြင့် သူ့ စိတ်မချရတဲ့ နေရာဆို ကားပေါ်ကမဆင်းတော့။ ပထမတွေ့ထားတာက ရိုးရိုးကျားဖြစ်သည်။ ဘင်္ဂလားကျားက တိုက်ခိုက်တက်သည်။ ကျားခြေရာတွေ သူတို့ ဆော့ထားတဲ့ နေရာတွေကိုကျွန်တော်တို့ကိုပြသည်။ ကျားခြေရာက ကျွဲခြေရာထက်ကြီးသည်။ 


၃ ရက်နေတော့ တိုင်းလို့ပြီးပြီ နောက်တနေရာသို့ ကူးရတော့မည်။ နေ့လည်စာ စားပြီးတာနဲ့ ခရီးစထွက်မည်။ အိမ်ရှင်က ကျွန်တော်ကို ဟင်းကောင်းကျွေးချင်သည်၊ Guide က တဆင့်ပြန်ပြောသည် မင်းတို့ဟင်းကောင်းကျွေးချင်တယ် သူကို ပိုက်ဆံ ပို ပေးဖို့ပြောသည် ဘာဟင်းမို့လို့လဲ ဆိုတော့ ငါးဟင်းဖြစ်သည်။ နယ်စပ်ကိုကူး အိန္ဒိယ ထဲကနေသွားဝယ်ဖို့ ဟု ပြောသည်။ ကိုယ်အတွက် ငါးက ဟင်းကောင်းတော့ မဟုတ် သူတို့ ကြည့်ရတာ စားရခဲပုံရသည် စျေးကလဲ ဒီဒေသမှာ ငါးက စျေးကြီးသည်။ ကျွန်တော်က အိုကေ ပေးမယ်ပြောတော့ သူတို့ ပျော်သွားပြီး ခပ်သုပ်သုပ် ထွက်သွားသည်။ ငါးတွေဝယ်လာသည်။ ပြီးတော့ အကွင်းလိုက်ချက်သည် ငါးရှားတဲ့ အရပ်ဆိုတော့ ငါးကို တန်ဖိုးကြီး အစာအဖြစ် သတ်မှတ်ထားလို့ သေချာဂရုတစိုက်ချက်သည်။ အတော့်ကို စားကောင်းသည်။ ကျွန်တော် တကွင်းပဲစားခဲ့သည်။ သူတို့ကိုပိုစားစေချင်၍ ဖြစ်သည်။


ကိုပြည့်

ငလျင် ခရီး အတိုအစများ (၁)

ငလျင်စက်များကို တပ်ဆင်ဖို့ နေရာရွေးတဲ့ အခါ မြေသား ငြိမ်သော ကျောက်သား နေရာများ၊ လူသူနဲသည့် နေရာများ၊ ကားလမ်း အပင်ကြီး ရေစီးချောင်း စသည့် လှုပ်ခပ်သော နေရာများနှင့်ဝေးရာ ဆိတ်ငြိမ်သော နေရာများကို ရွေးချယ်ရသည်။

သုသာန်လို နေရာ များကြတော့ ညစောင့်ရှာရခက်သည်၊ သရဲကြောက်ကြလို့ ယာယီတပ်ဆင်ဖို့ လူဌားတာတောင် ၃ လေးယောက်ဌားရတော့ တွက်ခြေမကိုက်ပါ၊ ရွာအစွန်အဖျားရှိ ဘုန်ကြီးကျောင်း၊ တချို့ အခြားဘာသာရေးကျောင်းများတွင် တပ်ဆင်ဖို့ ကျွန်တော် အများဆုံး ရွေးချယ်ဖြစ်သည်၊ ဘာသာရေးနဲ့ နွယ်တဲ့ နေရာတွေ ဆိုတော့ ပစ္စည်းအပျောက်အရှ နဲသည်၊
ကျောင်းနဲ့လှမ်းပြီး တောစပ်ကျသော နေရာများတွင်သာ ပျောက်တက်သည်၊ ဘုန်းကြီးက ငလျင်ဘေးအန္တာရယ်အတွက် သုတေသန ပစ္စည်း မခိုးရ ပြောလဲ ပျောက်သည်၊ ရွာ လျပ်စစ်မီးရမှ ဆိုလာ ဘတ္တရီ အပျောက်သပ်သာသွားသည်။
တချို့ကတော့ လောက်လေး လက်တည့်စမ်းကြသည်။ တန်ဖိုးသိန်းရာချီ စက်ပစ္စည်းတွေ ပျက်စီးကြရသည်. ဒါတွေက ရှောင်လွဲလို့မရ၊ ပျက်တော့လဲ ပြင်ရသည်သာ။
အခုမီးတွေ မမှန်တော့ ပျောက်မှာ စိုးနေရသည်၊ ဆိုလာစျေးကလဲ မသေးလှ၊
မြေဌားရသည်၊ မြေဌားခကိုတော့ လျော့ပေါ့ပေးရန် မြေရှင်များကို တောင်းပန်ရ၏၊ သဘာ၀ဘေးပါ ဒါတွေက အများကောင်းဖို့ပါ ပြောရသည်။ လက်ခံကြပါတယ်၊ တချို့တလေ သာ ပြသနာ အနဲငယ်ရှိသည်၊ တယ်လီဖုန်း တာဝါတိုင် ဖြစ်သည်။ သူတို့က ပိုက်ဆံပေးနိုင်သည်၊ ရွာကလူတွေက ဖုန်းတိုင် ပိုက်ဆံမျိုးရလိုကြသည်၊ ခက်တာက ကျွန်တော်တို့က မပေးနိုင်၊ ရှင်းပြရ၏၊ အဆင်ပြေပါတယ်၊
အခုက ခရီးက ထင်တိုင်းသွားလို့မရ စက်ရပ်သွားရင် တချို့ ကျောင်းထဲဆောက်ထားတဲ့ စက်နေရာတွေဆိုလျှင် ဘုန်းကြီးက သွားကြည့်ပေးသည်၊ တချို့ ဆရာတော်တွေက ဘက္ကရီလဲတာ စက်ကို Restart ချတာ တွေကို ကျွမ်းကျင်သည် ကိုယ်တော်ကလဲ ဝါသနာကြီးသည် သူကျောင်းမှာ ဆိုလာမီးတိုင်တွေ ကျောင်း Inverter တွေကို သူကိုယ်တိုင် ဆင်သည်။
ခက်တာက ကျွန်တော်ဖြစ်သည်၊ ရဟန်း သံဃာ ကို ခိုင်းမိသလိုဖြစ်မိသည်၊ ဘာမှတော့ မဟုတ် စက်ရပ်တာကြည့်ခိုင်းမိတက်သည်၊ ဘုရား ဆိုလာပြား ရှိသေးလား၊ စသည်ဖြင့် မေးနေမိသည်။
ငရဲငအုံတော့ ကြီးမှာ သေချာသလောက်ဖြစ်သည်၊ ထို့ကြောင့် အကုသိုလ်မဖြစ်အောင် ပြန်တွေးရ၏ အော်ငါ ငလျင်ဘေးအတွက် သုတေသန သမားတွေကို ကူညီနေတာပဲ၊ ဆရာတော်တွေ တွေ့ဖြစ် ရန်ကုန်ရောက်လာရင်လဲ သေချာကုသိုလ်ပြုဖြစ်ခဲ့သည်။ တချို့ ဆရာတော်ကြီးတွေက ဥက္ကဌ ဆရာတော်ကြီးတွေဖြစ်သည်၊ ကျွန်တော်တို့ကို လွန်စွာခင်သည် ရန်ကုန် သံဃာ့ အစည်းအဝေးလာရင်တွေ့ချင်သည် ပြောသည်၊ သူ့ Landcruiser နဲ့ ကျွန်တော်တို့ ရုံးက ဌားထားတဲ့ ကားတွေကို အမြဲယှဉ်မေးတက်သည်၊ အခုတော့ နယ်တွေက တချို့ ဆရာတော်တွေလဲ ကျောင်းသာရှိတော့သည်၊ ဆရာတော်တွေက ညီကျောင်းတော်မှာ သွားနေနေကြရသည်။
အားလုံးကြပ်တည်းနေတာသိတော့ ငွေပေါပေါနဲ့ တခေါက်လောက် ပတ်ပြီး စက်တွေ စစ်ဆေးပြုပြင် ချင်နေတော့သည်။
ကိုပြည့်


Monday, 21 June 2021

TLS နဲ့ ကျွန်တော်

     RIEGL VZ-400 ဆိုတဲ့ လေဆာ စက်က ကြာပေါ့ ရုံးမှာရှိတာ ၂၀၁၀  လောက်ထဲက ဝယ်ထားတာ ကိုယ်တောင် အလုပ်မဝင်ရသေးဘူး၊ အဲ့ခေတ်က LiDAR က အတော် စျေးကြီးတဲ့ ပစ္စည်းတခုပေါ့ သူ့ဝယ်တုန်က စင်ကာပူမှာ တိုက်ခန်းတခန်းဝယ်လို့ရတဲ့ စျေးနဲ့ ညီမျှတယ်။ ကာလီဘရေးရှင်း ပြန်လုပ်မလို့ စျေးမေးပြီး မလုပ်ဖြစ်သေးဘူး သူ့ကို စစ်မလား  Faro အသစ်တလုံးဝယ်ရမလား စဉ်းစားတုန်း၊ ကိုယ်တာဝန်ယူထားတဲ့ စက်တွေ ဆိုတော့ ဖုန်သုတ် သေတ္တာထဲ သေချာထည့်သိမ်းထားတာပဲရှိတယ်၊ 

    ဟိုတလောကမှ ကိုယ်က ပင်လယ်ရေ လေ့လာတဲ့ အဖွဲ့ကို ဒါရှိတယ် မင်းတို့လိုရင်ပြောလို့ စကား စထားတယ်၊ အဲ့ဒါနဲ့ပဲ သူတို့က တိုင်းတာချင်လာတယ်တဲ့ တိုင်းချင်တာက Coral အသေးလေးတွေ ကိုယ်စက်က တကယ် တိုပိုကြီးတွေ မိုင်းတွင်းတွေ ရှယ်တိုင်းတဲ့ အမျိုးအစား၊ အသေးတိုင်းတဲ့ စက်ကလဲ အိုဗားစီး ရောက်နေလေတော့ RIEGL ကြီးကိုထုတ် ဖုန်သုတ် အားသွင်း သူတို့လိုချင်တဲ့ Object  ကို တိုင်းလို့ အဆင်ပြေမပြေ ကိုယ်က စမ်းရတော့တာပေါ့၊ စက်ထည့်တဲ့ သေတ္တာကို ကြမ်းမှာချ LiDAR ကို 60 ဒီဂရီစောင်း Scan ဖတ်ပေါ့၊  scan position ကိုတော့ သုံးနေရာပြောင်းတယ် လေဆာ မလွတ်အောင်လို့၊ 

    သူ့ကို Scan ဖတ်တဲ့ Software က RiScan Pro ၃၂ ဘစ် ဆိုတော့ Resolution တင်လိုက်လို့ ဒေတာများရင် Memory မနိုင်ဘူး၊  Resolution ချပြီး တိုင်းတယ် မြန်တာပေါ့ တိုင်းရတာတော့၊ Scan Position သုံးနေရာလုံးကို Combine လုပ်တယ် အဲ့ဒီ Software နဲ့ပဲ၊ combine လုပ်တာရယ် Point Cloud ဖိုင် Export လုပ်ပြီဆိုရင်တော့ Dongle Key လိုတယ် လိုင်စင်ပေါ့၊ 

    ရလာတဲ့ Point Cloud က Tripod ခြေထောက်တို့ မလိုတဲ့ နေရာတွေကို လှီးဖြတ်ဖို့ကျတော့ RiSCAN Pro ကို မသုံးချင်ဘူး၊ Free ရပြီး အရမ်းကောင်းတဲ့ Cloudcompare ကိုသုံးဖြစ်တယ်၊ အရင် ထဲ က ကြိုက်တာ CC ကို၊ အရင်  Airborne LiDAR ထဲက စမ်းတယ်၊ Huge data တွေကို မနိုင်ပင်မဲ့ Segment တွေ ပိုင်းပြီး ကလိထားတော့  လက်က ယဉ်နေသေးတယ်။ 

    Cloud Compare နဲ့ သန့်စင်ပြီး သကာလ 3D လုံးဖို့ကျတော့ Meshlab ကို သုံးဖြစ်တယ်၊ Mesh လုပ်တာ CC မှာလဲရတယ်၊ Meshlab ကို သုံးရတာ ပိုကြိုက်တယ်၊ Select  လုပ်ရတာတော့ နဲနဲခက်တယ်၊ Paremeter ကစားကတာကို Meshlab က ပို မြန်တယ် ခံစားရတယ်။ အဲ့ဒီ ၂ ခုလုံးက Mac မှာရတော့ လုပ်ရကိုင်ရ အဆင်ပြေတယ်၊ Windows စက်ပြောင်းကိုင်ရတာကိုက ဒေတာကို ဟိုပို့ ဒီကူးလုပ်ရတာ စိတ်မရှည်။ 

    Meshlab  ကနေရလာတဲ့ ဒေတာကို Export လုပ်တော့ Ply နဲ့ လဲလုပ်တယ် dae နဲ့လဲ လုပ်တယ်၊ dae ကိုတော့ Sketchup ထဲထည့်တယ်၊ ကိုယ်သုံးတာက Sketchup Make ဆိုတော့ Export ပြန်လုပ်ရင် stl ဖိုင်နဲ့ ထုတ်မရဘူး။ Sketchup online နဲ့ ပြန်ပြောင်းရတယ်၊ Sketchup ကလဲ အရင်လို gmail နဲ့မရတော့ဘူး အကောင့်ပြန်လုပ်ရတယ်၊ Sketchup သုံးတာက 3D Print ထုတ်တဲ့ အခါ အောက်ခံ တဲ့ Frame လေး ထည့်ချင်လို့၊ 

    stl format နဲ့ ရလာတော့ နောက်ဆုံးတခုက gcode ပြောင်းတာ CURA ကိုသုံးတယ် ကိုယ့် 3D Printer က Print ရုံးမှာဆိုတော့ အချိန်အကြာကြီးမပေးနိုင်ဘူး Quality ကောင်းကောင်းတင်တယ်၊ Size ကိုတော့ ၈ နာရီလောက်ပဲ အများဆုံးပေးနိုင်တော့ အဲ့ဒီ အတွင်းရအောင်ချိန်ထုတ်တယ်၊ 

    အဲ့ဒီတော့ Project တခုက Point cloud ပေးနိုင်တယ်၊ 3D Mesh ပေးနိုင်တယ်၊ 3D model ပေးနိုင်တယ်၊ 3D Print ထုတ်ထားတာပေးနိုင်တယ်၊ ဒါပေမဲ့ တချို့ဆရာတွေက 3D software တွေနဲ့ အကျွမ်းတဝင်ရှိတာမဟုတ်ဘူး၊ အဲ့ဒီတော့ Web မှာ မြင်ရအောင် potree သုံးပြီး တင်ပေးလိုက်တယ်၊ ဒေတာက အပြင်ချပြလို့မရတော့  ရုံးက အင်ထရာနက်က Site မှာပဲ Deploy လုပ်ထားလိုက်တယ်၊ off campus ရောက်နေရင် VPN နဲ့ ဝင်ကြည့်ရတယ်၊ WebGL Support ပေးတဲ့ Browser နဲ့ ဝင်ကြည့်ရင် တော်တော်လေး ကြည့်လို့ကောင်းတယ်၊ တိုင်းတာတာ ဘာညာ နဲ့ LiDAR point တွေကို Intensity တွေ Elevation စတဲ့ စကေးတွေ ကစားလို့ရတော့ လူစိတ်ဝင်စားတာပေါ့။

    Work flow တခုလုံးက လုံး၀ မခက်ဘူး နောက်ပိုင်းစိတ်ဝင်စားရင် ပြောပြပေးမယ်။




Sunday, 24 May 2020

ငလျင် အင်ယာ ဘ၀ အမှတ်တရများ

          ကျွန်တေ်ာတို့ ငလျင်စက်တွေ တပ်တော့ ပထမဆုံး နေရာ ရွေးကတော့ NTU ကျောင်းက ပါမောက္ခတွေက အကြမ်းချပေးပါတယ်၊ ဘယ်မြို့နားဆိုပြီး Google map ပါ Point ချပေးလိုက်တာပါ၊ တော်တော်များများ စက်နေရာတွေကိုတော့ ကျွန်တော်ပြန်ရွေးပါတယ်၊ Google map ကနေ နေရာကောင်း ကို မူးနေအောင်ရှာရပါတယ်၊ ကျွန်တော့် အဖွဲ့မှာတော့ မြန်မာ တွေ ကြီးပါပဲ၊ ငလျင်စက်ရဲ့ သဘောသဘာ၀ ကိုက မြေသားတည်ငြိမ်မှုရှိတဲ့ ကျောက်သားခံ လိုနေရာမျိုးကို အဓိက ထားရွေးပါတယ်၊ ဒါမှလဲ အနှောက် အယှက်ကင်းတဲ့ ငလျင်လှိုင်းကိုရနိုင်မှာပါ၊ ကျောက်သားကောင်းကောင်း မြေသားကောင်းကောင်းရပြီဆိုရင်၊ စက် လုံခြုံရေးအတွက် စဉ်းစားရပါတယ်၊ လူနေထိုင်များတဲ့ နေရာတွေ ရှောင်ရပါတယ်၊ များသောအားဖြင့် တောရွာဘက် က ဘုန်းကြီးကျောင်းလို နေရာမျိုး ဘုရား ပရာဝုဏ် လိုနေရာမျိုးတွေ ရွေးရပါတယ်၊ လုံခြုံရေးလဲကောင်းပြီဆိုရင်တော့ ဖုန်းလိုင်းမိ မမိ စမ်းပါတယ် 3G ရတဲ့ နေရာတွေဖြစ်မှသာလျင် အချိန်နဲ့ တပြေးညီ ငလျင်သတင်းရရှိနိုင်ဖို့ပါတယ်။ အားလုံးအဆင်ပြေပြီး မြေရှင်နဲ့လဲ ညှိလို့ရပြီဆိုရင် (၃) ရက် တာ ယာယီအစမ်း စက်တက် ပြီး အရေအသွေး စစ်ပါတယ်၊ အောက်ခံ မြေအနေအထား ဘယ်လောက်ကောင်းကောင်း Noise များတဲ့ နေရာတွေကြုံဘူးခဲ့ပါတယ်၊ အားလုံးအိုကေပြီဆို လူကြီးကို လှမ်း ပြီး Report တင်ပေါ့၊ သူက အိုကေပြီဆို ဆောက်လုပ်ရေးစပေါ့၊
          ဒီလိုနဲ့ပဲ မြန်မာနိုင်ငံ အနှံ မရောက်ဘူးတဲ့နေရာ ခက်ရှားရှားဖြစ်လာပါတယ်၊ တကယ်တန်း မြန်မာတွေရဲ့ အလုပ်လုပ်နိုင်မှုစွမ်းအားကို နိုင်ငံခြားသားတွေတောင် ကြည့်ပြီး အံ့သြရပါတယ်။ MEC က အင်ယာ ၂ ယောက်ပါတယ်၊ မထင်မှတ်ရလောက်အောင်ကို အလုပ်လုပ်နိုင်ကြပါတယ်၊ နောက်ဆုံးရက် ကပ်နေတာရယ် စီမံ ခန့်ခွဲမှု အလွဲတွေရှိခဲ့လို့ ကျွန်တော်တို့ တခါတလေ ဆိုရင် မိုးချုပ်တဲ့အထိ အလုပ်လုပ်ခဲ့ရပြီး၊ ညလုံးပေါက် ကားမောင်းပြိး တခြား ဆိုဒ်ကို ကူးကြပါတယ်၊ ကားဆရာကိုညှာတာချင်တာရယ် ကားမောင်းတာကလဲ ဝါသနာက ပါတော့ ဝင်မောင်းပေး ဖြစ်ပါတယ်၊ ကားလည်ပြီး စလစ် ၂ ခါဖြစ်ဘူးပါတယ်၊ မှတ်မှတ်ရရ ဟားခါး အတက်နဲ့ ဟန်မြင်မိုရ် ရွာငံ လမ်းမှာပါ၊ တော်သေးတယ် ဘာမှ မဖြစ်လို့ အမြန်လမ်းကတော့ အဖေကား မှောက်ပြီးကတဲက အရမ်းသတိထားဖြစ်ပါတယ်၊
          ငလျင်စက်တွေက ဘက္ထရီ (၂) လုံး ပါပါတယ် ဆိုလာ (၂ ) ချပ်ပါပါတယ်၊ အခိုးခံရတာတွေလဲရှိပါတယ်၊ သံပချုပ်လို အခိုင်အမာနဲ့ အသေထားရတဲ့ Site တွေရှိပါတယ် ခိုးလွန်းအားကြီးလို့၊
          ပင်ပန်းပေမဲ့ လဲ သဘာဝဘေး အတွက်လုပ်တာ ဆိုတဲ့ အသိက အားဖြစ်စေပါတယ်၊ ဒီလို အလုပ်ကနေ ရတဲ့ လစာ လေးနဲ့ မိဘရယ် မိသားစုကိုထောက်ပံရတာ ဖြူစင်တယ်လို့ခံစားမိပါတယ်။
          တခါလဲ လွိုင်လင်က အပြန် ည ၁၂ နာရီ အင်ဒိုသားရယ် ကျွန်တော်ရယ် နှစ်ယောက်ထဲ ကျွန်တော် မောင်းပါတယ်၊ အပေါ်မီးက မရ တောင်ကြီးရောက်မှ ဟင်းချရဲတယ်၊ မြို့အဝင်ဝမှာတော့ ရဲတွေက ဝိုင်းစစ်တာ လက်ပါဖမ်းစွဲထားတယ် ကားပေါ်မှာကလဲ ဆောက်လုပ်ရေးပစ္စည်းတွေရယ် ငလျင်စက်တွေရယ်၊ လူတွေကလဲ ပေသလူးနေတာနဲ့ မယုံတာလဲ ပါမှာပါ၊ သေချာရှင်းပြ ပြီးတော့မှ လွှတ်ပေးတယ်၊ မနက်စောစော လေယာဉ်နဲ့ စစ်တွေ သွားဖို့အတွက် ဟဲဟိုးကိုတန်းမောင်း၊ ကားကိုလေဆိပ်မှာစောင့်နေတဲ့ စောပြည့်တို့ကိုပေးခဲ့ပါတယ်၊
          လေယာဉ် ကြောက်တဲ့ ကျွန်တော်လဲ ခဏခဏ စီးရတာများတော့ ထုံနေပါပြီ ခုန်ချင်သလောက်ခုန်ကွာ ဆိုပြီး ခဏပဲဆိုပြီး စိတ်ဖြေရပါတယ်။
          သရဲဆိုတာ ကျွန်တော် မကြောက်ပါဘူး၊ ဒါပေမဲ့ ရွာခံတွေ ကိုမေးဖြစ်ပါတယ် သူတို့ က ဒီ မှာ ဆံတိုမ ရှိတယ် ဘာရှိတယ် ညာရှိတယ် ဆိုရင် ကျွန်တော် ငလျင်စက်ထိုင်ဖို့ အဲ့လိုနေရာမရွေးပါဘူး၊ ယာယီ အစမ်း သုံးရက် ထားရတဲ့ အချိန် အတွင်း ညစောင့်ရှာရခက်လို့ပါ တခါလဲ သင်ချိုင်းနားထားတာ မြေတော့ ငြိမ်ပါရဲ့ ညစောင့်က ကြောက်တော့ ၂ ယောက်ထားရတော့ အလုပ်မဖြစ်ပါဘူး။
          မှတ်မှတ်ရရ တောင်ညို ကနေ မြို့သစ်လမ်းမှာ မနက် ၂ နာရီလောက် ရိုးမထဲ ကားရပ်အိပ်ဖြစ်ပါတယ်၊ အိမ်မက် ထဲ မှာ လူ ၂ ယောက် ဒီမှာ မရပ်ဖို့ လာပြောပါတယ်၊ ကျွန်တော် နိုးသွားတော့ ဒေါသထွက်တာဆိုတာ တော်တော်ပါပဲ၊ ကားပေါ်မှာ ညီငယ်တွေပါတယ် ကားဆရာပါတယ် သူတို့ကလဲ အိပ်နေတာ၊ ကျွန်တော် အပြင်ထွက်ရပ်လိုက်ပါတယ် ကျွန်တော် ကိုယ် ကျွန်တော် ငါမကြောက်ဘူးဆိုပြီး ငါလဲ မင်းတို့ကို မစော်ကားဘူး ခဏ ပဲ အိပ်မယ် ဆိုပြီး ကားပေါ်ပြန်တက်အိပ်ပါတယ်၊ ခဏပဲ မှေးခနဲ ပြန်ဖြစ်ပြီး အိပ်မက်လိုလိုပဲ အဲ့ဒီ ၂ယောက်ပဲ ရုပ်ဆိုးဆိုးတွေ လုပ်ပြပြီး ခုချက်ချင်းထွက်သွားဖို့ ပြောတော့ ကျွန်တော်လဲ မဖြစ်တော့ဘူးဆိုပြီး ချက်ချင်းပဲ ကားဆရာညီလေးကိုနိုး မင်းငါခုံလာအိပ် ငါမောင်းဦးမယ်ဆိုပြီး မောင်းပြေးရပါတော့တယ်၊ ညီငယ်တွေ ကြောက်မှာဆိုးလို့ မပြောဖြစ်ခဲ့ပါဘူး ကံပြားလမ်းဆုံထိမောင်းတယ် မနက်လဲ ၄ နာရီအထိုးပဲ ဒါကတော့ မှတ်မှတ်ရရ ပါပဲ၊
ငလျင်ခရီးက အမှတ်ရစရာတွေတော်တော်ပေးပါလားနော်၊
ကိုပြည့်




ငလျင် အင်ယာ ဘ၀ အမှတ်တရများ

            ငလျင်စက်တွေတပ်ဆင်တော့ နယ်အစုံရောက်ရပါတယ်၊ သာစည်လဲတခု အပါအဝင်ဖြစ်ပါတယ်။ ဘုရားဝန်းထဲမှာပါ။ ငလျင်စက်က မြေအနက်မှာ ထားတာဖြစ်တာကြောင့် တွင်းတူးခြင်း ရေလုံအောင်ဆောက်လုပ်ခြင်း တွေ လုပ်ဆောင်ရပါတယ်။ သာစည်၏ အထင်ကရ မင်းလှကန်နဲ့ မနီးမဝေးဆိုတော့ မြေအောက်ရေက မိုးချိန်ခါဆိုမြင့်လာတက်တော့ ပိုပြီး ရေလုံအောင်လုပ်ကြရပါတယ်။ ရေလုံအောင်လုပ်ရတာ ခက်ခဲတဲ့ အရာတခုဖြစ်ပါတယ်။ ငလျင်စက်ထားမည့်ခုံက တွင်းအလယ်မှာရှိပြီး ဘေးဘောင်အသားနဲ့ ထိနေလို့မရပါဘူး ဘေးမြေသားနဲ့ထိနေရင် အပေါ်ယံမြေသားရဲ့ တုန်ခါမှုတွေကိုပါစက်က ရနေမှာဆိုတော့ ငလျင်လှိုင်းအတွက် အနှောက်အယှက်ဖြစ်နိုင်ပါတယ်။
              ဒီ ရေပြသနာရှိတဲ့ သာစည်စက် နေရာကတော့ အဖွဲ့ရဲ့ ငလျင်အင်ယာတိုင်း ရောက်ဖူးကြတဲ့ အမှတ်တရ site တခုပေါ့။
               ကွန်ကရစ်ဖျော်တာတို့ သဲသယ်၊ ရေသယ်ဖို့ကို ရွာနီးစပ်ချုပ်က အလုပ်သမားတွေကို ချိတ်ရပါတယ်။ ကျွန်တော်တို့ အဖွဲ့ ဖုန်းခေါ်ရင် မငြင်းကြပါဘူး။ ချက်ချင်းရောက်လာတဲ့ အပြင် လာကြည့်တဲ့ သူတွေပါ ဝင်ပြီး လုပ်အားပေးကြပါတယ်။ စက်ရဲ့ လိုအပ်ချက်အရ ကွန်ကရစ်အချိုးကအစ သတ်မှတ်ချက်တိုင်းလုပ်ကြရပါတယ်။ ဒါကိုလဲ တချို့ လာကြည့်သူတွေက သိပ်မကြိုက်လှပါဘူး အကြံညဏ်တွေပေးပါတယ်။ 1:2:4 မလုပ်ကွဲမှာပဲ ထုံးမှ မပါတာတို့ စသည့်ဖြင့်ပေါ့ နောက်တော့လဲ ရှင်းပြရင်းသဘောပေါက်ကုန်ကြပါတယ်။
               တရက်နှစ်ရက်သာ လုပ်ရတဲ့အလုပ်ဖြစ်လို့ ကျွန်တော်တို့က ငွေများများပေးဖြစ်ပါတယ်။ ပေါက်ဈေးသိတာပေါ့၊ မသိဟန်ဆောင်ပြီး သူတို့တောင်းတဲ့ ဈေးထက်ပိုပေးဖြစ်ပါတယ်၊ ဒါကလဲ အလုပ်သမားတွေကိုပျော်စေပြီး ကျွန်တော်ဖုန်းဆက်ရင် ချက်ချင်းရောက်လာစေပါတယ်။
               အချိန်အနဲငယ်အတွင်း ပြီးစီးအောင်လုပ်ကြရတော့ ညသန်းကောင်ယံအထိ ညဆိုင်းဆင်းကြရပါတယ်။ မနက်ကထဲက လုပ်နေတဲ့ အလုပ်သမားဆရာတွေကို ညစာ စီစဉ်ရပါတယ်။ ဘာစားချင်ကြလဲမေးတော့ သံလမ်းအကျော်လေးက ဆိုင်ကကြော်တဲ့ ခေါက်ဆွဲကြော်စားချင်တယ်ပြောတာနဲ့ အလုပ်သမားအဖွဲ့ရော ဒီဘက်က အင်ယာအဖွဲ့တွေအတွက်ပါ အကုန်ဝယ်ဖို့စီစဉ်ဖြစ်ပါတယ်။ ဒီတခေါက် အလုပ်သမားအဖွဲ့ထဲမှာ အသက်ကြီးအဖိုးကြီးတယောက်ပါပါတယ်၊ ဦးတင်ဝင်းတဲ့၊ အရင်ကတော့ မပါဖူးဘူး၊ သူကိုသတိထားမိချိန်ကစပြီး သူ့ကို အကြမ်းစားတွေ မခိုင်းဖြစ်ဘူး၊
               ညဘက် မှောင်လာတော့ အေးလဲအေး၊ မြွေလဲပေါတဲ့ အရပ်ဆိုတော့ မီးပုံဖိုပြီး စလိုက်မီးတွေထွန်းပြီး ခေါက်ဆွဲကြော်စားကြပါတယ်။ နယ်ဆိုင်တွေ ထုံးစံထင်ပါတယ် ခေါက်ဆွဲကြော်တပွဲက လူ ၂ယောက်လောက်အသာလေးစားလို့ရတယ်။ အများကြီးပဲ၊ ကြက်သွန်အကွင်းနဲ့ အနီရဲရဲ အချဉ်ရေတွေစမ်းထားတာတွေကလဲ တထုပ်ကြီးပါပဲ။
               မကုန်ပါဘူး ကျန်တာပေါ့၊ ဘယ်သူတွေ ကျန်သေးနေလဲ စားကောင်းကြရဲ့လား အလုပ်ပြန်မစခင် မီးလေးလှုံရင်း သတိထားမိလို့ကြည့်တော့၊ အဖိုးကြီးဦးတင်ဝင်း စားနေတာ ခေါက်ဆွဲတပင်တောင် မကျန်တော့ဘူး၊ စားကောင်းလားလို့သာမေးလိုက်ရတယ် မျက်လုံးတော့ ပြူးနေမိတယ်၊ သူနဲ့ အတူတူ ရွာသားတွေကလဲ အဲ့လောက်မစားဖို့ သတိပေးတယ်၊ သူက အဲ့ဒီအပြင် သူများတွေ ကျန်နေတဲ့ ခေါက်ဆွဲတွေကိုပါလိုက် စုနေတော့ အဘ မဝသေးဘူးလားဆိုတော့ အိမ်က လူတွေ အတွက်တဲ့ မစားရတာကြပြီတဲ့ ရင်ထဲ ဟာကနဲပဲ ဒီလိုမှန်းသိရင် မစားခင်ထဲက ဖယ်ထားမှာပေါ့၊ ပိုဝယ်ခဲ့ရင်လဲ ဝယ်မှာပေါ့ နောက်ထပ်ဝယ်ဖို့က အပြင်ပြန်ထွက်ရမှာနဲ့ အလုပ်တဖက်နဲ့။
ကဲ ရှိစေတော့ ညအလုပ်သိမ်းတော့ နေ့တွက်ခတွေ ပိုပေးရင်းပေါ့။ ဒီအလုပ်လုပ်ရတာ တကယ်ကို အတွေ့အကြုံလဲရ လူပေါင်းစုံကိုလဲတွေ့ရပါတယ်။ အမှတ်ရစရာ ငလျင်ခရီးစဉ်တွေထဲက တခုကို မှတ်တမ်းတင်လိုက်ပါတယ်။
ကိုပြည့်



မိန်ရာဟင်းကောင်း

ကျွန်တော်သည်   နီပေါနိုင်ငံမှာ   Airborne LiDAR   မတိုင်းခင်   လိုအပ်သော   မြေပြင်ကွင်းဆင်းခြင်း၊   ယာယီ   GPS Control Point   များအတွက်   န...