Sunday, 8 May 2022

မိန်ရာဟင်းကောင်း

ကျွန်တော်သည် နီပေါနိုင်ငံမှာ Airborne LiDAR မတိုင်းခင် လိုအပ်သော မြေပြင်ကွင်းဆင်းခြင်း၊ ယာယီ GPS Control Point များအတွက် နေရာရှာခြင်း အိမ်ရှင်များနှင့် ညှိနိုင်းခြင်း၊ GCP များ တိုင်းတာခြင်းကို ပြုလုပ်ရန် ကြိုတင်ပြီး ကွင်းဆင်းရ၏၊ တောတောင်သည် ထူထပ်သည် သားရဲတိရိစ္ဆာန်များပေါများလှသည်။ ခရီးက ကားလမ်းကြမ်းသည်။ တောထဲ လမ်းလျောက်ရသည်။  ပတ်ခန့် ကွင်းဆင်းပြီးချိန်မှာ ကျွန်တော်ရုပ်ရေသည် ပြောင်းလာခဲ့သည်။ ပင်ပန်းတာများတော့ စိတ်လဲ တိုလာသည်။ ကိုယ်တာဝန်ခံထားသည့် အလုပ် ဆိုတော့ အမှားမပါလို၊ ထို့ကြောင့် ပိုအားစိုက်ရ၍ ပိုပင်ပန်း သည်။

ကျွန်တော်တို့ တိုင်းတာ စစ်ဆေးမှုတွေလုပ်ပြီး နေရာတခုမှ တခု ပြောင်းရသည်။ ယခုပြောင်းမည် နေရာသစ်က တည်းခိုခန်းမရှိ အိန္ဒိယ နယ်စပ်ဖြစ်သည်။ မနက်ကတည်းက ခရီးစထွက်လာတာ ညနေ  နာရီထိ မရောက်သေး အင်တာနက်က လမ်းတွင်မရပါ၊ လမ်းကြောင်းကို ကျွန်တော်ပဲပြရသည်၊ ညက ဖုန်း GPS မှာ ကြည့်ထားသမျှ လက်ကျန်မြေပုံလေးတွေနဲ့ ခရီးဆက်နေရသည်၊ မြေပုံမှာပဲ လမ်းကြောင်းပုံ တချို့နေရာအတွက်မရှိပါ။ ဗိုက်က လွန်စွာဆာသည်။ ကားဆရာတွေကိုလဲ အားနာသည်။ ပါလာသော အဖွဲ့ကိုလဲ အားနာသည်။ ရှေ့ဆိုင်တွေ့တာနဲ့ စားမည်ဟု ဆုံးဖြတ်ထားသည်။


ဒါနဲ့ ဆိုင်တွေ့တော့ ကားကိုရပ်ခိုင်းသည်၊ နောက်ကားက လဲ လိုက်ရပ်သည် ကဲစားမယ်ဆိုပြီး ပြောတော့ ကားဆရာတွေကတော့ စားလိုကြသည်။ နီပေါက အရာရှိက ကျွန်တော်ကို ပြောသည် သူ့ အသိရောက်မှ စားမည်ဟု ပြောတော့ စိတ်က တိုသည် ကဲဘာလို့လဲ ဒီမှာ လူကုန်ဗိုက်ဆာနေပြီဟု ပြောတော့ သူက ဒီဒေသမှာ အဆိုးဆုံးက ဝမ်းရောဂါပဲ လူသစ်တွေဆို ဝမ်းကိုက်မှာ သေချာတယ် ဒါကြောင့်မစားနဲ့လို့ပြောကြောင်း ရှင်းပြသည်။ အော် ဟုတ်ပေတာပဲ တခါတခါ ကိုယ်က ဦးဆောင်တိုင်းလျောက်လုပ်လို့မရ၊ တခါတခါ သူတို့ အကြံတွေ ကိုလက်ခံရသည်။ ပိုပြီး အဆင်ပြေမှာဖြစ်သည်။


ညနေ  နာရီကျော် ဆောင်းအစမို့ မှောင်မှရောက်သည်။ ရွာအိမ်တအိမ်မှာ တည်းရသည်။ ကျွန်တော် တည်းဖို့ရန် သူတို့ အခန်းတခုပြင်ပေးသည်။ ညစာ ကို ချက်ချင်း ပြင်သည် ထမင်းချက်သည်။ နီပေါ လက္ဘရည်သောက်ရင် စောင့်ရသည်။ ပဲဟင်းရည် နှင့် ကြက်သား သည်  ထမင်း လွန်စွာလိုက်ဖက်သည် မြေပေါ်မှာ စားရပင်မဲ့ ဆာနေတော့ အတော် စားလိုက်မိသည်။ တကယ့်ကို မမေ့စရာ မိန်ရာဟင်းကောင်းဖြစ်သည်။ ပဲဟင်းကတော့ သူတို့ ထမင်းမှာ မပါမဖြစ်ပါ အိမ်ရှေ့တိုင်းမှာ စပါးကျီ လို တွေရှိသည် ပဲတွေ ထည့်ထားသည်ဟု သိရသည်။


ဒီနေရာမတိုင်ခင် ကွင်းတခုမှာ ကျားတွေ့ထားသော ကျွန်တော်တို့ အဖွဲ့သည် ကျားကို အရမ်းကြောက်နေကြသည်။ ကျွန်တော်ဆို တောထဲမှာ အရင်ဆို  ကီလိုလောက် တိုးသည်။ အခုတော့ သစ်တောက အရာရှိက ဒီတောမတိုးနဲ့ ဘင်္ဂလားကျားရှိတယ်ဘယ်လောက်ကတွေ့ထားတယ် စသည်ဖြင့် သူ့ စိတ်မချရတဲ့ နေရာဆို ကားပေါ်ကမဆင်းတော့။ ပထမတွေ့ထားတာက ရိုးရိုးကျားဖြစ်သည်။ ဘင်္ဂလားကျားက တိုက်ခိုက်တက်သည်။ ကျားခြေရာတွေ သူတို့ ဆော့ထားတဲ့ နေရာတွေကိုကျွန်တော်တို့ကိုပြသည်။ ကျားခြေရာက ကျွဲခြေရာထက်ကြီးသည်။ 


၃ ရက်နေတော့ တိုင်းလို့ပြီးပြီ နောက်တနေရာသို့ ကူးရတော့မည်။ နေ့လည်စာ စားပြီးတာနဲ့ ခရီးစထွက်မည်။ အိမ်ရှင်က ကျွန်တော်ကို ဟင်းကောင်းကျွေးချင်သည်၊ Guide က တဆင့်ပြန်ပြောသည် မင်းတို့ဟင်းကောင်းကျွေးချင်တယ် သူကို ပိုက်ဆံ ပို ပေးဖို့ပြောသည် ဘာဟင်းမို့လို့လဲ ဆိုတော့ ငါးဟင်းဖြစ်သည်။ နယ်စပ်ကိုကူး အိန္ဒိယ ထဲကနေသွားဝယ်ဖို့ ဟု ပြောသည်။ ကိုယ်အတွက် ငါးက ဟင်းကောင်းတော့ မဟုတ် သူတို့ ကြည့်ရတာ စားရခဲပုံရသည် စျေးကလဲ ဒီဒေသမှာ ငါးက စျေးကြီးသည်။ ကျွန်တော်က အိုကေ ပေးမယ်ပြောတော့ သူတို့ ပျော်သွားပြီး ခပ်သုပ်သုပ် ထွက်သွားသည်။ ငါးတွေဝယ်လာသည်။ ပြီးတော့ အကွင်းလိုက်ချက်သည် ငါးရှားတဲ့ အရပ်ဆိုတော့ ငါးကို တန်ဖိုးကြီး အစာအဖြစ် သတ်မှတ်ထားလို့ သေချာဂရုတစိုက်ချက်သည်။ အတော့်ကို စားကောင်းသည်။ ကျွန်တော် တကွင်းပဲစားခဲ့သည်။ သူတို့ကိုပိုစားစေချင်၍ ဖြစ်သည်။


ကိုပြည့်

No comments:

Post a Comment

မိန်ရာဟင်းကောင်း

ကျွန်တော်သည်   နီပေါနိုင်ငံမှာ   Airborne LiDAR   မတိုင်းခင်   လိုအပ်သော   မြေပြင်ကွင်းဆင်းခြင်း၊   ယာယီ   GPS Control Point   များအတွက်   န...