Showing posts with label GNSS. Show all posts
Showing posts with label GNSS. Show all posts

Monday, 21 June 2021

GPS တွက်ချက်ခြင်း

    အခုရက်ပိုင်းက CORS GPS တွေ မတွက်ဖြစ် ၁ နှစ်ကို ၂ ခါလောက်ပဲတွက်မယ်စိတ်ကူးထားတာ ဒါပေမဲ့ UNAVCO က မြန်မာ ၅ စခန်း ကဘော် ပြတ်ရွေ့ အရွေ့လေးသိချင်တာနဲ့ အပျော်တွက်ကြည့်ဖြစ်တယ် ၂ နှစ်ခွဲလောက် ဒေတာဆိုတော့ ၂ပတ်လောက်တွက်ရတယ်၊ Script နဲ့ run ပေးထားလိုက်ပါတယ်၊ Velocity နဲ့ Timeseries plot တွေ ထွက်လာတော့ စိတ်ဝင်စားဖို့ကောင်းတာတွေတော့တွေ့ပါတယ်၊ Plot တွေကတော့ မတင်တော့ပါဘူး သုတေသနသမားတွေ ပေပါထွက်လာမှာပဲထင်ပါတယ်။ unavco ကိုယ်တိုင်ကလဲ Velocity Map ထုတ်ပါလိမ့်မယ်။

    အခုက ရေးချင်တာက SVY21 ပဲ၊ သိတဲ့ GPS Know ကနေ Trimble Business Center နဲ့  တွက်ပေးတာ၊ သာမာန် GPS တွက်တာလေးပါပဲ၊ SVY21 ကနေ WGS84 နဲ့ Lat Lon ကို TBC မှာ ထည့်ပေးရမှာ၊ WGS84 Lat Lon က မသိဘူး၊ ပြောင်းပြီးထည့်လိုက်ရတာပဲဆိုတော့ အရင် ပြောင်းနေကျ  Software လေးတွေ ပြန်ရှာ မတွေ့တော့ဘူး Online ကနေ တိုက်ရိုက်ပြောင်းပေးတဲ့ site တခု နှစ်ခုကနေ စမ်းပြောင်းကြည့်တယ်၊ Lat Lon တော့ရလာတယ် TBC ထဲ ထည့်လိုက်တော့၊ SVY21 နဲ့ ပြန်ပြကြည့်တယ်၊ Know Coordinates နဲ့ အနဲငယ်ကွဲနေပြန်ရော။ အဲ့ဒါနဲ့ စိတ်တိုင်းမကျတော့ တခါထပ် ပြောင်းတဲ့ Software လေးတွေပြန်ရှာ မရပြန်ဘူး၊ နောက်ဆုံးတော့ QGIS ကိုပဲ ထုတ်သုံးရတော့တယ်၊ QGIS ကနေ ပြောင်းတဲ့ Coordinates ကိုတော့  လုံး၀ ကွက်တိ စိတ်တိုင်းကျနေရောပဲ၊ 

    အရင်ကတော့ QGIS ကိုသုံးပါတယ် Coordinates တွေ ပြောင်းတဲ့ နေရာမှာ Topo တိုင်းလာတဲ့ Points အများကြီးကို csv နဲ့ ထည့်ပြီး ပြောင်း Export လုပ်လိုက်တာပဲ အခုက ၁ ပွိုင့်ထဲ ဆိုတော့ ဖွင့်ရတာ ပျင်းတာလဲ ပါတယ်။ 

    ကျောင်းက ကလေးတွေက  ပြောင်းနည်းမေးလို့ QGIS နဲ့  ပြောင်းတာပြပေးလိုက်တော့ တယောက်က သူမှာ TBC ရှိတာ သုံးလို့မရဘူးလားမေးတယ် ရတာပေါ့လို့ အဲ့ဒီသူပြောင်းချင်တာက WGS84 ကနေ  SVY21 လွယ်တယ်လေ၊ ကိုယ်ကလဲ commercial software မသုံးချင် Free ရတာကို အရင်ရှာတာ ကိုယ့်အားနည်းချက်ကို ပြောပြလိုက်ရတယ်။ 


    

    

UNAVCO ကနေ မြန်မာ နိုင်ငံထဲက CORS GPS ဒေတာ ရယူခြင်း

    

    UNAVCO က မြန်မာနိုင်ငံထဲမှာ CORS GPS Station () လုံးတပ်ဆင်ထားပါတယ်၊ (၂၀၁၈) နှစ်ကုန်ပိုင်းလောက်မှ စတင် တပ်ဆင်ထားပါတယ်၊ မိုးဇလနဲ့ ပူးပေါင်းပြီး တည်ဆောက်ထားတာပါ၊ တည်နေရာတွေကတော့ တီးတိန်၊ ကလေး၊ ကလေး၀ ကနေ တန့်ဆည် အထိ အတန်းလိုက်ပါ၊ 

    နေ့စဉ် GPS အခြေအနေနဲ့  ဒေတာတွေက UNAVCO Site မှာ ကြည်ရူ့ရယူနိုင်ပါတယ်။ Data policy ပိုင်းကိုတော့ သူတို့ Site မှာ အသေးစိပ်ရေးပေးထားပါတယ်၊ တကယ်လို့ သုတေသနပဲဖြစ်ဖြစ် ဆာဗေးအတွက်ပဲဖြစ်ဖြစ် အသုံးလိုမယ် ဆိုရင် အောက်ပါအတိုင်း ဒေတာကိုရယူနိုင်ပါတယ်။ ရယူနည်းများစွာရှိပါတယ်၊ အခုကတော့  Map ကနေယူတာဖြစ်ပါတယ်။ 


https://www.unavco.org/instrumentation/networks/map/map.html


    အခု Link ကို သွားလိုက်ရင် GPS စခန်းတွေ ကို တွေ တွေ့ရမှာပါ၊ မြန်မာနိုင်ငံကို Zoom in လုပ်လိုက်ရင် စက် () လုံးကို တွေ့ရမှာပါ၊ စိမ်းနေရင် လက်ရှိ အလုပ်လုပ်နေတဲ့ သဘောဖြစ်ပါတယ်၊ ဒီထက်ပိုသိချင်ရင်တော့ Point ကို  Click နှိပ်ပြီး Information တွေ ထပ်ကြည့်နိုင်ပါတယ်။





    ကိုယ် ဆာဗေး Area နဲ့  အနီးဆုံး အလုံးကို CORS Station အနေနဲ့ ယူသုံးနိုင်ပါတယ်။ 


    နောက်တဆင့်ကတော့ အောက်က Link ကို သွားပါ၊ ပြီးတာနဲ့ ကိုယ် လိုချင်တဲ့ CORS GPS စခန်းရဲ့ တည်နေရာကို  Polygon ဆွဲရပါမယ်၊ 


https://www.unavco.org/data/dai/?lat=23.423807&lon=94.825005&zoom=7.70



    ပြီးရင် ကိုယ်လိုချင်တဲ့ ရက်ကို ရွေးပေးရမှာ ဖြစ်ပါတယ်၊ Search ကိုနှိပ် အောက်က Filter ပေါ်လာရင် ကိုယ် Download လုပ်ချင်တဲ့ Station ကိုရွေးပေးပါ၊ ပြီးတော့ Download ဆိုတာကိုနှပ် Obs ဆိုတာကို  Check လုပ်ပေးပါ၊  Nav  လိုတဲ့ သူဆိုရင်လဲ သူကိုပါ Download လုပ်နိုင်ပါတယ်၊ 


    ရလာတဲ့ File က RINEX ဖိုင်ဖြစ်ပါတယ်၊ ကိုယ့် Static ခုံနဲ့ ရောပြီး တွက်လို့ရပါတယ်၊ 


    အားလုံး ဒီကာလမှာ အဆင်ပြေကြပါစေ။




Wednesday, 3 June 2020

GPS အေၾကာင္းမ်ား

GPS ကို အသုံးချပြီး ဆာဗေးတိုင်းမည်ဆိုလျင် ယေဘုယျအားဖြင့် GPS application များကိုအောက်ပါအတိုင်းခွဲခြားနိုင်သည် -
Autonomous - Post-processing (သို့) Differential corrections များ၏ အကူအညီမယူပဲ တည်နေရာကို ချက်ခြင်း ရယူ သုံးစွဲခြင်းမျိုးကို ခေါ်ပါသည်။ လက်ကိုင် GPS များ၊ ဖုန်းများ စသည့် GPS ပါဝင်သော ပစ္စည်းများဖြင့် လမ်း အကြမ်းရှာခြင်း၊ တည်နေရာ Location ကို အကြမ်းရယူနိုင်ရန် အတွက် အသုံးပြုနိုင်သည်။ တိကျမှုမှာ တိုင်းတာပုံနှင့် ပတ်ဝန်းကျင် အခြေအနေအများအရ (၃) ပေမှ ပေ(၃၀) ဝန်းကျင်ခန့်  ကွာဟမှု ရှိနိုင်ပါသည်။
Static - Survey grade အဆင့်ရှိတဲ့ Coordinates ရရှိနိုင်ပြီး၊ Control ခုံ အဖြင့် အသုံးချဖို့ရန်အတွက် Static တိုင်းတာနည်းကို အသုံးပြုနိုင်သည်။ နိုင်ငံမှ သတ်မှတ်ထားသည့် Survey ခုံများမှ ကိုယ် ကူးယူတိုင်းတာမည့် စီမံကိန်း တည်ရှိရာ နေရာ ခုံများသို့ တိုင်းတာချိန် ကြာကြာထားပြီး Coordinates များ သယ်ယူနိုင်သည်။ Control ခုံများမှ ကိုယ် ကူးယူမည့် ခုံ အကြားရှိသည့် အကွားအဝေးပေါ် မူတည်၍ တိုင်းတာမည့် ကြာချိန်ကို အကြမ်းဖျဉ်း သတ်မှတ်နိုင်သည်။ GPS  တိုင်းတာ၍ ရရှိလာသော data များကို  post-processing များပြုလုပ်ပြီး တိကျတဲ့ Coordinates ကိုတွက်ယူနိုင်သည်။ 
Fast Static -  တိုင်းတာမည့်ကြာချိန်မှလွဲ၍ Static တိုင်းနည်း နှင့်ဆင်တူသည်။ fast static ဆိုသည့် အတိုင်း Static ကိုမှ သူလောက်မကြာစေပဲ မြန်မြန်တိုင်းတာတဲ့ နည်းပါ။ အရေးမကြီးတဲ့ ခုံပွားရသည့်  စီမံကိန်းတွေမှာသာ သုံးသင့်သည်။ တိုင်းတာမည့် GPS စက်၏ စွမ်းဆောင်ရည်နှင့် Baseline အကွာအဝေးကို သိရန်လိုအပ်ပြီး တိုင်းတာမည့် ကြာချိန်ကို (၈) မိနစ်မှ (၂၀) မိနစ်အတွင်းထားပေးနိုင်ပါသည်။ Single Frequency ပဲရသည့် GPS စက်တွေမှာ Control ခုံနှင့် baseline အလျား (၁၂) ကီလိုမီတာအတွင်းသာ ရှိသင့်၊ တိုင်းတာသင့်ပြီး တိုင်းတာချိန်ကို တိုးသင့်ပါသည်။ Dual Frequency ရသည့် စက်များမှာ (၂၀) ကီလိုမီတာ အတွင်းတိုင်းနိုင်ပါသည်။ Baseline အကွာအဝေးပေါ်မူတည်ပြီး တိကျမှုတွေ Accuracy တွေမှာ သက်ရောက်မှာပါ။ Control ခုံနှင့် မိမိပွားမည့်ခုံ၏ Baseline အလျား ဝေးတာနှင့်အမျှ Accuracy လဲ မကောင်းဖြစ်လာမှာပါ။ 
Real-Time Kinematic (RTK) -  Topographic Survey  တွေ၊ Stake out ချပေးတဲ့ နေရာတွေမှာ အသုံးများပါသည်။ Base GPS နှင့် Rover GPS  အကြား ရေဒီယို ဖြင့် ချိတ်ဆက်ထားပြီး Base မှ coorections များကို  real time ရရှိနိုင်သည့်အတွက် Rover မှ တိကျသော Coordinates ကို ချက်ခြင်းသိရှိနိုင်သည်။ Baseline (၁၀) ကီလိုမီတာ အတွင်းတိုင်းတာမည်ဆိုပါက  (၂) စင်တီမီတာအလျားလိုက်နှင့် (၃) စင်တီမီတာဒေါင်လိုက် အတွင်း တိကျမှန်ကန်မှုရှိနိုင်သည်။ တိုင်းတာချိန်မှာ (၅) စက္ကန့် အတွင်းလျင်မြန်သော အချိန် ခဏအတွင်း တိကျသော Coordinates ကိုရရှိနိုင်သည်။ 
Post-Processed Kinematic (PPK) -  RTK သဘောတရားနှင့်တူညီမှုရှိပြီး မိမိ GPS မှ ဒေတာများကို ပြန်လည်တွက်ယူပြီးမှ Coordinates များရရှိပါမည်။ အားသာချက်မှာ ကြားခံ Radio မလိုအပ်တော့ပါ။ ထို့ကြောင့် Radio အနှောက်အယှက်ပေးနိုင်တဲ့ အဆောက်အအုံများ မြေမျက်နှာသွင်ပြင်ကြမ်းတဲ့ နေရာတွေမှာ အဆင်ပြေစွာ အသုံးချနိုင်ပါသည်။ 
Continuous Kinematic - တိကျဖို့ သိပ်မလိုအပ်တဲ့ ဆာဗေးမျိုးတွေတိုင်းတဲ့ နေရာမှာ၊ ဧရိယာ ကျယ်ပြန့်တဲ့ နေရာတွေမှာ အချိန်နဲနဲ ဖြင့် တိုပို တိုင်းတာလိုသူများနှင့်သင့်တော်ပါသည်။ ပုံမှန်အားဖြင့် Rover GPS ကို မော်တော်ယာဉ် (သို့) လူဖြင့် ကျောပိုးပြီး တိုင်းတာလိုသည့် တလျောက် ပုံမှန် သွားလာရင်း ဒေတာများကောက်သွားခြင်းမျိုးဖြစ်ပါသည်။ 
Airborne GPS - Photogrammetry နှင့် LiDAR တိုင်းတာခြင်းများ အတွက်ထိန်းချုပ်ရန်အသုံးပြုသည်။ လေယာဉ်ပျံတွင် Rover GPS ကို တပ်ဆင်ထားပြီး Base GPS ကို မြေပြင်တွင် ထားရှိရပါမည်။ လေယာဉ်မှ Aerial Photo ပုံရိုက်ကူးသည့်အခါ Rover GPS တွင် ပုံ တပုံခြင်းစီအတွက် event များ မှတ်သားထားနိုင်ပါသည်။ LiDAR အတွက် Post-processing လုပ်ရာတွင် လိုအပ်သည် လေယာဉ် သွားခဲ့ရာ လမ်းကြောင်းကို တိကျစွာပြန်တွက်နိုင်ရန် Airborne GPS သည် အရေးကြီးပါသည်။
အထက်ပါ အချက်အလက်များသည် GPS ကို အသုံးချနေကြသော ပုံစံ များစွာထဲမှ အချို့ဖြစ်ပါသည်။ 
GPS နှင့် ဆာဗေးတိုင်းတာရန်အတွက် ကိုယ်တိုင်းမည့် စက်၊ ကိုယ်ပွားယူမည့် အနီးဆုံး Control ခုံ အကွာအဝေး၊ တိုင်းတာမည့် နေရာ၏ မြေသား တည်ငြိမ်မှု၊ ကောင်းကင်မှာ GPS Signal ကို ကွယ်စေသော အရာများ အပင်၊ အဆောက်အအုံ စသည်များ ကင်းစင်ခြင်း။ ရာသီဥတု အခြေအနေ စသည်များကို GPS တိုင်းမည့် သူမှ ကင်းထောက်ဖို့လိုအပ်ပါမည်။ 

မိန်ရာဟင်းကောင်း

ကျွန်တော်သည်   နီပေါနိုင်ငံမှာ   Airborne LiDAR   မတိုင်းခင်   လိုအပ်သော   မြေပြင်ကွင်းဆင်းခြင်း၊   ယာယီ   GPS Control Point   များအတွက်   န...