Showing posts with label Survey. Show all posts
Showing posts with label Survey. Show all posts

Sunday, 8 May 2022

မိန်ရာဟင်းကောင်း

ကျွန်တော်သည် နီပေါနိုင်ငံမှာ Airborne LiDAR မတိုင်းခင် လိုအပ်သော မြေပြင်ကွင်းဆင်းခြင်း၊ ယာယီ GPS Control Point များအတွက် နေရာရှာခြင်း အိမ်ရှင်များနှင့် ညှိနိုင်းခြင်း၊ GCP များ တိုင်းတာခြင်းကို ပြုလုပ်ရန် ကြိုတင်ပြီး ကွင်းဆင်းရ၏၊ တောတောင်သည် ထူထပ်သည် သားရဲတိရိစ္ဆာန်များပေါများလှသည်။ ခရီးက ကားလမ်းကြမ်းသည်။ တောထဲ လမ်းလျောက်ရသည်။  ပတ်ခန့် ကွင်းဆင်းပြီးချိန်မှာ ကျွန်တော်ရုပ်ရေသည် ပြောင်းလာခဲ့သည်။ ပင်ပန်းတာများတော့ စိတ်လဲ တိုလာသည်။ ကိုယ်တာဝန်ခံထားသည့် အလုပ် ဆိုတော့ အမှားမပါလို၊ ထို့ကြောင့် ပိုအားစိုက်ရ၍ ပိုပင်ပန်း သည်။

ကျွန်တော်တို့ တိုင်းတာ စစ်ဆေးမှုတွေလုပ်ပြီး နေရာတခုမှ တခု ပြောင်းရသည်။ ယခုပြောင်းမည် နေရာသစ်က တည်းခိုခန်းမရှိ အိန္ဒိယ နယ်စပ်ဖြစ်သည်။ မနက်ကတည်းက ခရီးစထွက်လာတာ ညနေ  နာရီထိ မရောက်သေး အင်တာနက်က လမ်းတွင်မရပါ၊ လမ်းကြောင်းကို ကျွန်တော်ပဲပြရသည်၊ ညက ဖုန်း GPS မှာ ကြည့်ထားသမျှ လက်ကျန်မြေပုံလေးတွေနဲ့ ခရီးဆက်နေရသည်၊ မြေပုံမှာပဲ လမ်းကြောင်းပုံ တချို့နေရာအတွက်မရှိပါ။ ဗိုက်က လွန်စွာဆာသည်။ ကားဆရာတွေကိုလဲ အားနာသည်။ ပါလာသော အဖွဲ့ကိုလဲ အားနာသည်။ ရှေ့ဆိုင်တွေ့တာနဲ့ စားမည်ဟု ဆုံးဖြတ်ထားသည်။


ဒါနဲ့ ဆိုင်တွေ့တော့ ကားကိုရပ်ခိုင်းသည်၊ နောက်ကားက လဲ လိုက်ရပ်သည် ကဲစားမယ်ဆိုပြီး ပြောတော့ ကားဆရာတွေကတော့ စားလိုကြသည်။ နီပေါက အရာရှိက ကျွန်တော်ကို ပြောသည် သူ့ အသိရောက်မှ စားမည်ဟု ပြောတော့ စိတ်က တိုသည် ကဲဘာလို့လဲ ဒီမှာ လူကုန်ဗိုက်ဆာနေပြီဟု ပြောတော့ သူက ဒီဒေသမှာ အဆိုးဆုံးက ဝမ်းရောဂါပဲ လူသစ်တွေဆို ဝမ်းကိုက်မှာ သေချာတယ် ဒါကြောင့်မစားနဲ့လို့ပြောကြောင်း ရှင်းပြသည်။ အော် ဟုတ်ပေတာပဲ တခါတခါ ကိုယ်က ဦးဆောင်တိုင်းလျောက်လုပ်လို့မရ၊ တခါတခါ သူတို့ အကြံတွေ ကိုလက်ခံရသည်။ ပိုပြီး အဆင်ပြေမှာဖြစ်သည်။


ညနေ  နာရီကျော် ဆောင်းအစမို့ မှောင်မှရောက်သည်။ ရွာအိမ်တအိမ်မှာ တည်းရသည်။ ကျွန်တော် တည်းဖို့ရန် သူတို့ အခန်းတခုပြင်ပေးသည်။ ညစာ ကို ချက်ချင်း ပြင်သည် ထမင်းချက်သည်။ နီပေါ လက္ဘရည်သောက်ရင် စောင့်ရသည်။ ပဲဟင်းရည် နှင့် ကြက်သား သည်  ထမင်း လွန်စွာလိုက်ဖက်သည် မြေပေါ်မှာ စားရပင်မဲ့ ဆာနေတော့ အတော် စားလိုက်မိသည်။ တကယ့်ကို မမေ့စရာ မိန်ရာဟင်းကောင်းဖြစ်သည်။ ပဲဟင်းကတော့ သူတို့ ထမင်းမှာ မပါမဖြစ်ပါ အိမ်ရှေ့တိုင်းမှာ စပါးကျီ လို တွေရှိသည် ပဲတွေ ထည့်ထားသည်ဟု သိရသည်။


ဒီနေရာမတိုင်ခင် ကွင်းတခုမှာ ကျားတွေ့ထားသော ကျွန်တော်တို့ အဖွဲ့သည် ကျားကို အရမ်းကြောက်နေကြသည်။ ကျွန်တော်ဆို တောထဲမှာ အရင်ဆို  ကီလိုလောက် တိုးသည်။ အခုတော့ သစ်တောက အရာရှိက ဒီတောမတိုးနဲ့ ဘင်္ဂလားကျားရှိတယ်ဘယ်လောက်ကတွေ့ထားတယ် စသည်ဖြင့် သူ့ စိတ်မချရတဲ့ နေရာဆို ကားပေါ်ကမဆင်းတော့။ ပထမတွေ့ထားတာက ရိုးရိုးကျားဖြစ်သည်။ ဘင်္ဂလားကျားက တိုက်ခိုက်တက်သည်။ ကျားခြေရာတွေ သူတို့ ဆော့ထားတဲ့ နေရာတွေကိုကျွန်တော်တို့ကိုပြသည်။ ကျားခြေရာက ကျွဲခြေရာထက်ကြီးသည်။ 


၃ ရက်နေတော့ တိုင်းလို့ပြီးပြီ နောက်တနေရာသို့ ကူးရတော့မည်။ နေ့လည်စာ စားပြီးတာနဲ့ ခရီးစထွက်မည်။ အိမ်ရှင်က ကျွန်တော်ကို ဟင်းကောင်းကျွေးချင်သည်၊ Guide က တဆင့်ပြန်ပြောသည် မင်းတို့ဟင်းကောင်းကျွေးချင်တယ် သူကို ပိုက်ဆံ ပို ပေးဖို့ပြောသည် ဘာဟင်းမို့လို့လဲ ဆိုတော့ ငါးဟင်းဖြစ်သည်။ နယ်စပ်ကိုကူး အိန္ဒိယ ထဲကနေသွားဝယ်ဖို့ ဟု ပြောသည်။ ကိုယ်အတွက် ငါးက ဟင်းကောင်းတော့ မဟုတ် သူတို့ ကြည့်ရတာ စားရခဲပုံရသည် စျေးကလဲ ဒီဒေသမှာ ငါးက စျေးကြီးသည်။ ကျွန်တော်က အိုကေ ပေးမယ်ပြောတော့ သူတို့ ပျော်သွားပြီး ခပ်သုပ်သုပ် ထွက်သွားသည်။ ငါးတွေဝယ်လာသည်။ ပြီးတော့ အကွင်းလိုက်ချက်သည် ငါးရှားတဲ့ အရပ်ဆိုတော့ ငါးကို တန်ဖိုးကြီး အစာအဖြစ် သတ်မှတ်ထားလို့ သေချာဂရုတစိုက်ချက်သည်။ အတော့်ကို စားကောင်းသည်။ ကျွန်တော် တကွင်းပဲစားခဲ့သည်။ သူတို့ကိုပိုစားစေချင်၍ ဖြစ်သည်။


ကိုပြည့်

Wednesday, 23 June 2021

LiDAR အကြောင်း

    အခုက LiDAR တွေစျေးသပ်သာလာတယ်၊ သေးငယ်ပေါ့ပါးလာတယ်၊ Battery စား သပ်သာလာတော့၊ Drone တွေမှာ တွင်တွင်ကျယ်ကျယ် အသုံးပြုလာကြပါပြီ၊  RIEGL က လဲ ထုတ်တယ် Senor အပါ Unit တခုလုံးကို USD 180k လောက်ရှိတယ် စျေးအလွန်များပါတယ်၊ Drone ကလဲ ပျက်ကျနိုင်စရာ risk ရှိတော့ ပျက်ကျရင် Sensor ပါ ပျက်နိုင်ချေရှိပါတယ်။ Drone ကလဲ သူကို သယ်ယူနိုင်တဲ့ Drone ဆိုတော့ သိန်းရာကျော်ထပ်ကုန်ဦးမှာပါ။ 

    နောက်တခုက ခုမှ ခေတ်စားလာတဲ့ DJI L1 ပါ Livox  စျေးသပ်သာတဲ့ Sensor ကို သုံးထားပါတယ်၊ Camera ရယ်  DJI ရဲ့ RTK စနစ်ရယ် သူရဲ့  Flight Plan software တွေ Processing software တွေ၊ ပါဝါစနစ်တွေက အရမ်းကို Ecosystem တခုဖြစ်ပါတယ်၊ တကယ် ဆာဗေးတိုင်းရင် ကထိကထ နဲလေ အလုပ်လုပ်ရတာ စိတ်ချမ်းသာလေပါပဲ၊  Geosum တို့လို့ တခြား LiDAR စနစ်နဲ့ Drone ခွဲဝယ်ရတာတွေမှာ၊ RTK Mounting စနစ်တွေ၊ Sensor ပါဝါ စနစ်တွေ ကထိကထများမှာပါ၊ DJI က USD 13k ကျော်ရှိပါတယ်၊ တခြားလိုအပ်တာတွေပါထပ်ဝယ်ရင် USD 25K လောက်ဆို Survey စတိုင်းနိုင်ပြီ ဆိုပါတယ်၊ 

    Indiana drone က Review လုပ်ထားတာကြည့်တော့ စျေးသပ်သာတဲ့ INS စနစ်ကို သုံးထားပုံရပါတယ်၊ Accuracy က သိပ်အဆင်မပြေပါဘူး၊ တိုပို ကွန်တို အတွက်က အဆင်ပြေပါတယ် အဆောက် အဦတွေ တံတားတွေကို လစဉ် Monitoring တွေ လုပ်မယ် Project တွေအတွက်ကတော့  မသုံးသင့်သေးပါဘူး၊ DJI က ရပ်တန့်နေမှာ မဟုတ်ပါဘူး Mapping လောကထဲမှာ ကျင်လည်နေတာ ကြာပါပြီ နောက်ထွက်မယ် Version မှာ သေချာပေါက်ကောင်းမှာပါ။ 

    INS စနစ်ကထဲ USD 25k လောက်ရှိတယ်ဆိုတော့ UAV LiDAR အတွက်ကတော့ အကောင်းစားသုံးရင်လဲ စျေးက များလာမှာပါ၊  INS စနစ်ကောင်းမှကို ဖြစ်မှာပါ၊  LOAM ဆိုတဲ့ နည်းပညာကတော့ GPS ရော IMU ရော မလိုပါဘူး၊ ဒါပေမဲ့ စိတ်ချရတဲ့ နည်းတခုတော့ မဟုတ်သေးပါဘူး။ 

    သေချာတာကတော့ Drone LiDAR တော့ Survey လောကရဲ့ မရှိမဖြစ် ကိရိယာ တခု ဖြစ်လာမှာ သေချာ မလွဲပါပဲ။

Monday, 21 June 2021

TLS နဲ့ ကျွန်တော်

     RIEGL VZ-400 ဆိုတဲ့ လေဆာ စက်က ကြာပေါ့ ရုံးမှာရှိတာ ၂၀၁၀  လောက်ထဲက ဝယ်ထားတာ ကိုယ်တောင် အလုပ်မဝင်ရသေးဘူး၊ အဲ့ခေတ်က LiDAR က အတော် စျေးကြီးတဲ့ ပစ္စည်းတခုပေါ့ သူ့ဝယ်တုန်က စင်ကာပူမှာ တိုက်ခန်းတခန်းဝယ်လို့ရတဲ့ စျေးနဲ့ ညီမျှတယ်။ ကာလီဘရေးရှင်း ပြန်လုပ်မလို့ စျေးမေးပြီး မလုပ်ဖြစ်သေးဘူး သူ့ကို စစ်မလား  Faro အသစ်တလုံးဝယ်ရမလား စဉ်းစားတုန်း၊ ကိုယ်တာဝန်ယူထားတဲ့ စက်တွေ ဆိုတော့ ဖုန်သုတ် သေတ္တာထဲ သေချာထည့်သိမ်းထားတာပဲရှိတယ်၊ 

    ဟိုတလောကမှ ကိုယ်က ပင်လယ်ရေ လေ့လာတဲ့ အဖွဲ့ကို ဒါရှိတယ် မင်းတို့လိုရင်ပြောလို့ စကား စထားတယ်၊ အဲ့ဒါနဲ့ပဲ သူတို့က တိုင်းတာချင်လာတယ်တဲ့ တိုင်းချင်တာက Coral အသေးလေးတွေ ကိုယ်စက်က တကယ် တိုပိုကြီးတွေ မိုင်းတွင်းတွေ ရှယ်တိုင်းတဲ့ အမျိုးအစား၊ အသေးတိုင်းတဲ့ စက်ကလဲ အိုဗားစီး ရောက်နေလေတော့ RIEGL ကြီးကိုထုတ် ဖုန်သုတ် အားသွင်း သူတို့လိုချင်တဲ့ Object  ကို တိုင်းလို့ အဆင်ပြေမပြေ ကိုယ်က စမ်းရတော့တာပေါ့၊ စက်ထည့်တဲ့ သေတ္တာကို ကြမ်းမှာချ LiDAR ကို 60 ဒီဂရီစောင်း Scan ဖတ်ပေါ့၊  scan position ကိုတော့ သုံးနေရာပြောင်းတယ် လေဆာ မလွတ်အောင်လို့၊ 

    သူ့ကို Scan ဖတ်တဲ့ Software က RiScan Pro ၃၂ ဘစ် ဆိုတော့ Resolution တင်လိုက်လို့ ဒေတာများရင် Memory မနိုင်ဘူး၊  Resolution ချပြီး တိုင်းတယ် မြန်တာပေါ့ တိုင်းရတာတော့၊ Scan Position သုံးနေရာလုံးကို Combine လုပ်တယ် အဲ့ဒီ Software နဲ့ပဲ၊ combine လုပ်တာရယ် Point Cloud ဖိုင် Export လုပ်ပြီဆိုရင်တော့ Dongle Key လိုတယ် လိုင်စင်ပေါ့၊ 

    ရလာတဲ့ Point Cloud က Tripod ခြေထောက်တို့ မလိုတဲ့ နေရာတွေကို လှီးဖြတ်ဖို့ကျတော့ RiSCAN Pro ကို မသုံးချင်ဘူး၊ Free ရပြီး အရမ်းကောင်းတဲ့ Cloudcompare ကိုသုံးဖြစ်တယ်၊ အရင် ထဲ က ကြိုက်တာ CC ကို၊ အရင်  Airborne LiDAR ထဲက စမ်းတယ်၊ Huge data တွေကို မနိုင်ပင်မဲ့ Segment တွေ ပိုင်းပြီး ကလိထားတော့  လက်က ယဉ်နေသေးတယ်။ 

    Cloud Compare နဲ့ သန့်စင်ပြီး သကာလ 3D လုံးဖို့ကျတော့ Meshlab ကို သုံးဖြစ်တယ်၊ Mesh လုပ်တာ CC မှာလဲရတယ်၊ Meshlab ကို သုံးရတာ ပိုကြိုက်တယ်၊ Select  လုပ်ရတာတော့ နဲနဲခက်တယ်၊ Paremeter ကစားကတာကို Meshlab က ပို မြန်တယ် ခံစားရတယ်။ အဲ့ဒီ ၂ ခုလုံးက Mac မှာရတော့ လုပ်ရကိုင်ရ အဆင်ပြေတယ်၊ Windows စက်ပြောင်းကိုင်ရတာကိုက ဒေတာကို ဟိုပို့ ဒီကူးလုပ်ရတာ စိတ်မရှည်။ 

    Meshlab  ကနေရလာတဲ့ ဒေတာကို Export လုပ်တော့ Ply နဲ့ လဲလုပ်တယ် dae နဲ့လဲ လုပ်တယ်၊ dae ကိုတော့ Sketchup ထဲထည့်တယ်၊ ကိုယ်သုံးတာက Sketchup Make ဆိုတော့ Export ပြန်လုပ်ရင် stl ဖိုင်နဲ့ ထုတ်မရဘူး။ Sketchup online နဲ့ ပြန်ပြောင်းရတယ်၊ Sketchup ကလဲ အရင်လို gmail နဲ့မရတော့ဘူး အကောင့်ပြန်လုပ်ရတယ်၊ Sketchup သုံးတာက 3D Print ထုတ်တဲ့ အခါ အောက်ခံ တဲ့ Frame လေး ထည့်ချင်လို့၊ 

    stl format နဲ့ ရလာတော့ နောက်ဆုံးတခုက gcode ပြောင်းတာ CURA ကိုသုံးတယ် ကိုယ့် 3D Printer က Print ရုံးမှာဆိုတော့ အချိန်အကြာကြီးမပေးနိုင်ဘူး Quality ကောင်းကောင်းတင်တယ်၊ Size ကိုတော့ ၈ နာရီလောက်ပဲ အများဆုံးပေးနိုင်တော့ အဲ့ဒီ အတွင်းရအောင်ချိန်ထုတ်တယ်၊ 

    အဲ့ဒီတော့ Project တခုက Point cloud ပေးနိုင်တယ်၊ 3D Mesh ပေးနိုင်တယ်၊ 3D model ပေးနိုင်တယ်၊ 3D Print ထုတ်ထားတာပေးနိုင်တယ်၊ ဒါပေမဲ့ တချို့ဆရာတွေက 3D software တွေနဲ့ အကျွမ်းတဝင်ရှိတာမဟုတ်ဘူး၊ အဲ့ဒီတော့ Web မှာ မြင်ရအောင် potree သုံးပြီး တင်ပေးလိုက်တယ်၊ ဒေတာက အပြင်ချပြလို့မရတော့  ရုံးက အင်ထရာနက်က Site မှာပဲ Deploy လုပ်ထားလိုက်တယ်၊ off campus ရောက်နေရင် VPN နဲ့ ဝင်ကြည့်ရတယ်၊ WebGL Support ပေးတဲ့ Browser နဲ့ ဝင်ကြည့်ရင် တော်တော်လေး ကြည့်လို့ကောင်းတယ်၊ တိုင်းတာတာ ဘာညာ နဲ့ LiDAR point တွေကို Intensity တွေ Elevation စတဲ့ စကေးတွေ ကစားလို့ရတော့ လူစိတ်ဝင်စားတာပေါ့။

    Work flow တခုလုံးက လုံး၀ မခက်ဘူး နောက်ပိုင်းစိတ်ဝင်စားရင် ပြောပြပေးမယ်။




GPS တွက်ချက်ခြင်း

    အခုရက်ပိုင်းက CORS GPS တွေ မတွက်ဖြစ် ၁ နှစ်ကို ၂ ခါလောက်ပဲတွက်မယ်စိတ်ကူးထားတာ ဒါပေမဲ့ UNAVCO က မြန်မာ ၅ စခန်း ကဘော် ပြတ်ရွေ့ အရွေ့လေးသိချင်တာနဲ့ အပျော်တွက်ကြည့်ဖြစ်တယ် ၂ နှစ်ခွဲလောက် ဒေတာဆိုတော့ ၂ပတ်လောက်တွက်ရတယ်၊ Script နဲ့ run ပေးထားလိုက်ပါတယ်၊ Velocity နဲ့ Timeseries plot တွေ ထွက်လာတော့ စိတ်ဝင်စားဖို့ကောင်းတာတွေတော့တွေ့ပါတယ်၊ Plot တွေကတော့ မတင်တော့ပါဘူး သုတေသနသမားတွေ ပေပါထွက်လာမှာပဲထင်ပါတယ်။ unavco ကိုယ်တိုင်ကလဲ Velocity Map ထုတ်ပါလိမ့်မယ်။

    အခုက ရေးချင်တာက SVY21 ပဲ၊ သိတဲ့ GPS Know ကနေ Trimble Business Center နဲ့  တွက်ပေးတာ၊ သာမာန် GPS တွက်တာလေးပါပဲ၊ SVY21 ကနေ WGS84 နဲ့ Lat Lon ကို TBC မှာ ထည့်ပေးရမှာ၊ WGS84 Lat Lon က မသိဘူး၊ ပြောင်းပြီးထည့်လိုက်ရတာပဲဆိုတော့ အရင် ပြောင်းနေကျ  Software လေးတွေ ပြန်ရှာ မတွေ့တော့ဘူး Online ကနေ တိုက်ရိုက်ပြောင်းပေးတဲ့ site တခု နှစ်ခုကနေ စမ်းပြောင်းကြည့်တယ်၊ Lat Lon တော့ရလာတယ် TBC ထဲ ထည့်လိုက်တော့၊ SVY21 နဲ့ ပြန်ပြကြည့်တယ်၊ Know Coordinates နဲ့ အနဲငယ်ကွဲနေပြန်ရော။ အဲ့ဒါနဲ့ စိတ်တိုင်းမကျတော့ တခါထပ် ပြောင်းတဲ့ Software လေးတွေပြန်ရှာ မရပြန်ဘူး၊ နောက်ဆုံးတော့ QGIS ကိုပဲ ထုတ်သုံးရတော့တယ်၊ QGIS ကနေ ပြောင်းတဲ့ Coordinates ကိုတော့  လုံး၀ ကွက်တိ စိတ်တိုင်းကျနေရောပဲ၊ 

    အရင်ကတော့ QGIS ကိုသုံးပါတယ် Coordinates တွေ ပြောင်းတဲ့ နေရာမှာ Topo တိုင်းလာတဲ့ Points အများကြီးကို csv နဲ့ ထည့်ပြီး ပြောင်း Export လုပ်လိုက်တာပဲ အခုက ၁ ပွိုင့်ထဲ ဆိုတော့ ဖွင့်ရတာ ပျင်းတာလဲ ပါတယ်။ 

    ကျောင်းက ကလေးတွေက  ပြောင်းနည်းမေးလို့ QGIS နဲ့  ပြောင်းတာပြပေးလိုက်တော့ တယောက်က သူမှာ TBC ရှိတာ သုံးလို့မရဘူးလားမေးတယ် ရတာပေါ့လို့ အဲ့ဒီသူပြောင်းချင်တာက WGS84 ကနေ  SVY21 လွယ်တယ်လေ၊ ကိုယ်ကလဲ commercial software မသုံးချင် Free ရတာကို အရင်ရှာတာ ကိုယ့်အားနည်းချက်ကို ပြောပြလိုက်ရတယ်။ 


    

    

UNAVCO ကနေ မြန်မာ နိုင်ငံထဲက CORS GPS ဒေတာ ရယူခြင်း

    

    UNAVCO က မြန်မာနိုင်ငံထဲမှာ CORS GPS Station () လုံးတပ်ဆင်ထားပါတယ်၊ (၂၀၁၈) နှစ်ကုန်ပိုင်းလောက်မှ စတင် တပ်ဆင်ထားပါတယ်၊ မိုးဇလနဲ့ ပူးပေါင်းပြီး တည်ဆောက်ထားတာပါ၊ တည်နေရာတွေကတော့ တီးတိန်၊ ကလေး၊ ကလေး၀ ကနေ တန့်ဆည် အထိ အတန်းလိုက်ပါ၊ 

    နေ့စဉ် GPS အခြေအနေနဲ့  ဒေတာတွေက UNAVCO Site မှာ ကြည်ရူ့ရယူနိုင်ပါတယ်။ Data policy ပိုင်းကိုတော့ သူတို့ Site မှာ အသေးစိပ်ရေးပေးထားပါတယ်၊ တကယ်လို့ သုတေသနပဲဖြစ်ဖြစ် ဆာဗေးအတွက်ပဲဖြစ်ဖြစ် အသုံးလိုမယ် ဆိုရင် အောက်ပါအတိုင်း ဒေတာကိုရယူနိုင်ပါတယ်။ ရယူနည်းများစွာရှိပါတယ်၊ အခုကတော့  Map ကနေယူတာဖြစ်ပါတယ်။ 


https://www.unavco.org/instrumentation/networks/map/map.html


    အခု Link ကို သွားလိုက်ရင် GPS စခန်းတွေ ကို တွေ တွေ့ရမှာပါ၊ မြန်မာနိုင်ငံကို Zoom in လုပ်လိုက်ရင် စက် () လုံးကို တွေ့ရမှာပါ၊ စိမ်းနေရင် လက်ရှိ အလုပ်လုပ်နေတဲ့ သဘောဖြစ်ပါတယ်၊ ဒီထက်ပိုသိချင်ရင်တော့ Point ကို  Click နှိပ်ပြီး Information တွေ ထပ်ကြည့်နိုင်ပါတယ်။





    ကိုယ် ဆာဗေး Area နဲ့  အနီးဆုံး အလုံးကို CORS Station အနေနဲ့ ယူသုံးနိုင်ပါတယ်။ 


    နောက်တဆင့်ကတော့ အောက်က Link ကို သွားပါ၊ ပြီးတာနဲ့ ကိုယ် လိုချင်တဲ့ CORS GPS စခန်းရဲ့ တည်နေရာကို  Polygon ဆွဲရပါမယ်၊ 


https://www.unavco.org/data/dai/?lat=23.423807&lon=94.825005&zoom=7.70



    ပြီးရင် ကိုယ်လိုချင်တဲ့ ရက်ကို ရွေးပေးရမှာ ဖြစ်ပါတယ်၊ Search ကိုနှိပ် အောက်က Filter ပေါ်လာရင် ကိုယ် Download လုပ်ချင်တဲ့ Station ကိုရွေးပေးပါ၊ ပြီးတော့ Download ဆိုတာကိုနှပ် Obs ဆိုတာကို  Check လုပ်ပေးပါ၊  Nav  လိုတဲ့ သူဆိုရင်လဲ သူကိုပါ Download လုပ်နိုင်ပါတယ်၊ 


    ရလာတဲ့ File က RINEX ဖိုင်ဖြစ်ပါတယ်၊ ကိုယ့် Static ခုံနဲ့ ရောပြီး တွက်လို့ရပါတယ်၊ 


    အားလုံး ဒီကာလမှာ အဆင်ပြေကြပါစေ။




Wednesday, 3 June 2020

GPS အေၾကာင္းမ်ား

GPS ကို အသုံးချပြီး ဆာဗေးတိုင်းမည်ဆိုလျင် ယေဘုယျအားဖြင့် GPS application များကိုအောက်ပါအတိုင်းခွဲခြားနိုင်သည် -
Autonomous - Post-processing (သို့) Differential corrections များ၏ အကူအညီမယူပဲ တည်နေရာကို ချက်ခြင်း ရယူ သုံးစွဲခြင်းမျိုးကို ခေါ်ပါသည်။ လက်ကိုင် GPS များ၊ ဖုန်းများ စသည့် GPS ပါဝင်သော ပစ္စည်းများဖြင့် လမ်း အကြမ်းရှာခြင်း၊ တည်နေရာ Location ကို အကြမ်းရယူနိုင်ရန် အတွက် အသုံးပြုနိုင်သည်။ တိကျမှုမှာ တိုင်းတာပုံနှင့် ပတ်ဝန်းကျင် အခြေအနေအများအရ (၃) ပေမှ ပေ(၃၀) ဝန်းကျင်ခန့်  ကွာဟမှု ရှိနိုင်ပါသည်။
Static - Survey grade အဆင့်ရှိတဲ့ Coordinates ရရှိနိုင်ပြီး၊ Control ခုံ အဖြင့် အသုံးချဖို့ရန်အတွက် Static တိုင်းတာနည်းကို အသုံးပြုနိုင်သည်။ နိုင်ငံမှ သတ်မှတ်ထားသည့် Survey ခုံများမှ ကိုယ် ကူးယူတိုင်းတာမည့် စီမံကိန်း တည်ရှိရာ နေရာ ခုံများသို့ တိုင်းတာချိန် ကြာကြာထားပြီး Coordinates များ သယ်ယူနိုင်သည်။ Control ခုံများမှ ကိုယ် ကူးယူမည့် ခုံ အကြားရှိသည့် အကွားအဝေးပေါ် မူတည်၍ တိုင်းတာမည့် ကြာချိန်ကို အကြမ်းဖျဉ်း သတ်မှတ်နိုင်သည်။ GPS  တိုင်းတာ၍ ရရှိလာသော data များကို  post-processing များပြုလုပ်ပြီး တိကျတဲ့ Coordinates ကိုတွက်ယူနိုင်သည်။ 
Fast Static -  တိုင်းတာမည့်ကြာချိန်မှလွဲ၍ Static တိုင်းနည်း နှင့်ဆင်တူသည်။ fast static ဆိုသည့် အတိုင်း Static ကိုမှ သူလောက်မကြာစေပဲ မြန်မြန်တိုင်းတာတဲ့ နည်းပါ။ အရေးမကြီးတဲ့ ခုံပွားရသည့်  စီမံကိန်းတွေမှာသာ သုံးသင့်သည်။ တိုင်းတာမည့် GPS စက်၏ စွမ်းဆောင်ရည်နှင့် Baseline အကွာအဝေးကို သိရန်လိုအပ်ပြီး တိုင်းတာမည့် ကြာချိန်ကို (၈) မိနစ်မှ (၂၀) မိနစ်အတွင်းထားပေးနိုင်ပါသည်။ Single Frequency ပဲရသည့် GPS စက်တွေမှာ Control ခုံနှင့် baseline အလျား (၁၂) ကီလိုမီတာအတွင်းသာ ရှိသင့်၊ တိုင်းတာသင့်ပြီး တိုင်းတာချိန်ကို တိုးသင့်ပါသည်။ Dual Frequency ရသည့် စက်များမှာ (၂၀) ကီလိုမီတာ အတွင်းတိုင်းနိုင်ပါသည်။ Baseline အကွာအဝေးပေါ်မူတည်ပြီး တိကျမှုတွေ Accuracy တွေမှာ သက်ရောက်မှာပါ။ Control ခုံနှင့် မိမိပွားမည့်ခုံ၏ Baseline အလျား ဝေးတာနှင့်အမျှ Accuracy လဲ မကောင်းဖြစ်လာမှာပါ။ 
Real-Time Kinematic (RTK) -  Topographic Survey  တွေ၊ Stake out ချပေးတဲ့ နေရာတွေမှာ အသုံးများပါသည်။ Base GPS နှင့် Rover GPS  အကြား ရေဒီယို ဖြင့် ချိတ်ဆက်ထားပြီး Base မှ coorections များကို  real time ရရှိနိုင်သည့်အတွက် Rover မှ တိကျသော Coordinates ကို ချက်ခြင်းသိရှိနိုင်သည်။ Baseline (၁၀) ကီလိုမီတာ အတွင်းတိုင်းတာမည်ဆိုပါက  (၂) စင်တီမီတာအလျားလိုက်နှင့် (၃) စင်တီမီတာဒေါင်လိုက် အတွင်း တိကျမှန်ကန်မှုရှိနိုင်သည်။ တိုင်းတာချိန်မှာ (၅) စက္ကန့် အတွင်းလျင်မြန်သော အချိန် ခဏအတွင်း တိကျသော Coordinates ကိုရရှိနိုင်သည်။ 
Post-Processed Kinematic (PPK) -  RTK သဘောတရားနှင့်တူညီမှုရှိပြီး မိမိ GPS မှ ဒေတာများကို ပြန်လည်တွက်ယူပြီးမှ Coordinates များရရှိပါမည်။ အားသာချက်မှာ ကြားခံ Radio မလိုအပ်တော့ပါ။ ထို့ကြောင့် Radio အနှောက်အယှက်ပေးနိုင်တဲ့ အဆောက်အအုံများ မြေမျက်နှာသွင်ပြင်ကြမ်းတဲ့ နေရာတွေမှာ အဆင်ပြေစွာ အသုံးချနိုင်ပါသည်။ 
Continuous Kinematic - တိကျဖို့ သိပ်မလိုအပ်တဲ့ ဆာဗေးမျိုးတွေတိုင်းတဲ့ နေရာမှာ၊ ဧရိယာ ကျယ်ပြန့်တဲ့ နေရာတွေမှာ အချိန်နဲနဲ ဖြင့် တိုပို တိုင်းတာလိုသူများနှင့်သင့်တော်ပါသည်။ ပုံမှန်အားဖြင့် Rover GPS ကို မော်တော်ယာဉ် (သို့) လူဖြင့် ကျောပိုးပြီး တိုင်းတာလိုသည့် တလျောက် ပုံမှန် သွားလာရင်း ဒေတာများကောက်သွားခြင်းမျိုးဖြစ်ပါသည်။ 
Airborne GPS - Photogrammetry နှင့် LiDAR တိုင်းတာခြင်းများ အတွက်ထိန်းချုပ်ရန်အသုံးပြုသည်။ လေယာဉ်ပျံတွင် Rover GPS ကို တပ်ဆင်ထားပြီး Base GPS ကို မြေပြင်တွင် ထားရှိရပါမည်။ လေယာဉ်မှ Aerial Photo ပုံရိုက်ကူးသည့်အခါ Rover GPS တွင် ပုံ တပုံခြင်းစီအတွက် event များ မှတ်သားထားနိုင်ပါသည်။ LiDAR အတွက် Post-processing လုပ်ရာတွင် လိုအပ်သည် လေယာဉ် သွားခဲ့ရာ လမ်းကြောင်းကို တိကျစွာပြန်တွက်နိုင်ရန် Airborne GPS သည် အရေးကြီးပါသည်။
အထက်ပါ အချက်အလက်များသည် GPS ကို အသုံးချနေကြသော ပုံစံ များစွာထဲမှ အချို့ဖြစ်ပါသည်။ 
GPS နှင့် ဆာဗေးတိုင်းတာရန်အတွက် ကိုယ်တိုင်းမည့် စက်၊ ကိုယ်ပွားယူမည့် အနီးဆုံး Control ခုံ အကွာအဝေး၊ တိုင်းတာမည့် နေရာ၏ မြေသား တည်ငြိမ်မှု၊ ကောင်းကင်မှာ GPS Signal ကို ကွယ်စေသော အရာများ အပင်၊ အဆောက်အအုံ စသည်များ ကင်းစင်ခြင်း။ ရာသီဥတု အခြေအနေ စသည်များကို GPS တိုင်းမည့် သူမှ ကင်းထောက်ဖို့လိုအပ်ပါမည်။ 

မိန်ရာဟင်းကောင်း

ကျွန်တော်သည်   နီပေါနိုင်ငံမှာ   Airborne LiDAR   မတိုင်းခင်   လိုအပ်သော   မြေပြင်ကွင်းဆင်းခြင်း၊   ယာယီ   GPS Control Point   များအတွက်   န...