Sunday, 12 December 2021

Rudraksha (နီပေါနိုင်ငံ)

    နီပေါနိုင်ငံမှာ အလုပ်ကိစ္စနဲ့ လနဲ့ ချီသွားလာခဲ့တော့ နိုင်ငံရဲ့ နေရာတော်တော်များများပတ်သွားခဲ့ရတာပေါ့၊ တောတွေတောင်တွေထဲ ကျားတွေ၊ မျောက်တွေ၊ ဒေါင်းတွေ၊ တောဝက်တွေ အစုံ မြင်ခဲ့တွေ့ခဲ့ရတယ်၊

    လမ်းမှာ စားဖြစ်တဲ့ Sunwal ဆို့တဲ့ အရပ်က ထမင်းဆိုင်ခေါင်းမိုးမှာ ကိုယ့် စက်တပ်ဖို့ ဖြစ်လာတော့ အဲ့ဒီ ဆိုင်ကို သုံးခေါက်လေးခေါက်မက ရောက်ဖြစ်တယ်၊ အဲ့ဆိုင်မှာ Tandoori chicken ဆိုတာ စင်ကာပူမှာလိုမဟုတ်ပဲ တကယ့် ကျေးလက် တောထမင်းဆိုင် အရသာပေးစွမ်းပါတယ်၊ စားလို့ အတော်ကောင်းတယ်၊

    အဲ့ဒီဆိုင်ရှေ့မှာ အပင်တပင်ရှိတယ်၊ ကိုယ့်ကားဆရာက နီပေါဆိုပေမဲ့ သူက တိဘက်နွယ်တယ်၊ သူက ဒီအပင်က အစေ့ကတဲ့ ပုတီးစိပ်တာတဲ့၊ အသီးမှာ အမြောင်းလေးတွေပါတယ်၊ မျက်နှာစာလိုပေါ့ အမြောင်းများလေ စျေးကြီးလေပဲတဲ့၊ ကိုယ်လဲ အော် တခါမှ မမြင်ဖူးဘူးလေ၊ သူက မာလာမာလာ ဆိုပြီး ပုတီးစိပ်ပြသလို လုပ်ပြတော့မှ ၁၀၈ လုံးပုတီးသွယ်ရောင်းတဲ့ အသီးလို့မှတ်ထားခဲ့လိုက်တယ်၊ နောက်မှ ပြန်ရှာကြည့်မှ Rudraksha လို့ ခေါ်တယ်တဲ့ ဟိန္ဒူ နတ်ဘုရား Shiva နဲ့ ပတ်သက်တယ် သူရဲ့ မျက်ရည်လို့တော့ ဖတ်ရတယ်၊ တချို့ Online Store တွေမှာ Rudraksha ကို Gem တွေ Certificate ထုတ်ထားသလို၊ သူတို့လဲ လက်မှတ် ထုတ်ထားတယ်၊ အစွမ်းထက်တဲ့ အဆောင်အနေနဲ့ ဆောင်ကြတာတွေ့ရတယ်၊ ပုံမရိုက်ခဲ့ရတော့ buy.asrosage က ပုံပဲတင်ထားလိုက်တယ်၊




နောက်ကတော့ ခေတ္တမတူ မြို့ထဲ လျောက်လည်ရင်းနဲ့ Singing Bowl လို့ခေါ်တဲ့ ကြေးဖလား လိုဖလားလေးတွေ အဲ့ဒါတော့ ဝယ်လာခဲ့တယ်၊ သစ်သား တုတ် တခုပါတယ်။ အသံသာတာ ရွေးဝယ်လာခဲ့တယ်၊ သတင်းစာနဲ့ ထုတ်ပေးတယ်၊ လက်ဆောင်ပေးရအောင်ပေါ့၊ တခြား ကြေးပစ္စည်းတော်တော်များများရှိတယ်။ ဂေါ်ရခါး ဓါးကောက်တွေလဲ ရှိတယ် လေဆိပ်သယ်ရမှာ ခက်တာရယ်၊ စျေးလဲ ကောင်းကြတော့ မဝယ်ဖြစ်တော့ဘူး၊ အနွေးထည်တော်တော်များများ ကျောပိုးအိတ် တွေတွေ့ရတယ် ဒါပေမဲ့ မဝယ်ခဲ့ပါဘူး၊ အစစ်လို့တော့ မထင်ဘူး၊

















၊ 

မိန်ရာဟင်းကောင်း

ကျွန်တော်သည်   နီပေါနိုင်ငံမှာ   Airborne LiDAR   မတိုင်းခင်   လိုအပ်သော   မြေပြင်ကွင်းဆင်းခြင်း၊   ယာယီ   GPS Control Point   များအတွက်   န...