အခုရက်ပိုင်းက CORS GPS တွေ မတွက်ဖြစ် ၁ နှစ်ကို ၂ ခါလောက်ပဲတွက်မယ်စိတ်ကူးထားတာ ဒါပေမဲ့ UNAVCO က မြန်မာ ၅ စခန်း ကဘော် ပြတ်ရွေ့ အရွေ့လေးသိချင်တာနဲ့ အပျော်တွက်ကြည့်ဖြစ်တယ် ၂ နှစ်ခွဲလောက် ဒေတာဆိုတော့ ၂ပတ်လောက်တွက်ရတယ်၊ Script နဲ့ run ပေးထားလိုက်ပါတယ်၊ Velocity နဲ့ Timeseries plot တွေ ထွက်လာတော့ စိတ်ဝင်စားဖို့ကောင်းတာတွေတော့တွေ့ပါတယ်၊ Plot တွေကတော့ မတင်တော့ပါဘူး သုတေသနသမားတွေ ပေပါထွက်လာမှာပဲထင်ပါတယ်။ unavco ကိုယ်တိုင်ကလဲ Velocity Map ထုတ်ပါလိမ့်မယ်။
အခုက ရေးချင်တာက SVY21 ပဲ၊ သိတဲ့ GPS Know ကနေ Trimble Business Center နဲ့ တွက်ပေးတာ၊ သာမာန် GPS တွက်တာလေးပါပဲ၊ SVY21 ကနေ WGS84 နဲ့ Lat Lon ကို TBC မှာ ထည့်ပေးရမှာ၊ WGS84 Lat Lon က မသိဘူး၊ ပြောင်းပြီးထည့်လိုက်ရတာပဲဆိုတော့ အရင် ပြောင်းနေကျ Software လေးတွေ ပြန်ရှာ မတွေ့တော့ဘူး Online ကနေ တိုက်ရိုက်ပြောင်းပေးတဲ့ site တခု နှစ်ခုကနေ စမ်းပြောင်းကြည့်တယ်၊ Lat Lon တော့ရလာတယ် TBC ထဲ ထည့်လိုက်တော့၊ SVY21 နဲ့ ပြန်ပြကြည့်တယ်၊ Know Coordinates နဲ့ အနဲငယ်ကွဲနေပြန်ရော။ အဲ့ဒါနဲ့ စိတ်တိုင်းမကျတော့ တခါထပ် ပြောင်းတဲ့ Software လေးတွေပြန်ရှာ မရပြန်ဘူး၊ နောက်ဆုံးတော့ QGIS ကိုပဲ ထုတ်သုံးရတော့တယ်၊ QGIS ကနေ ပြောင်းတဲ့ Coordinates ကိုတော့ လုံး၀ ကွက်တိ စိတ်တိုင်းကျနေရောပဲ၊
အရင်ကတော့ QGIS ကိုသုံးပါတယ် Coordinates တွေ ပြောင်းတဲ့ နေရာမှာ Topo တိုင်းလာတဲ့ Points အများကြီးကို csv နဲ့ ထည့်ပြီး ပြောင်း Export လုပ်လိုက်တာပဲ အခုက ၁ ပွိုင့်ထဲ ဆိုတော့ ဖွင့်ရတာ ပျင်းတာလဲ ပါတယ်။
ကျောင်းက ကလေးတွေက ပြောင်းနည်းမေးလို့ QGIS နဲ့ ပြောင်းတာပြပေးလိုက်တော့ တယောက်က သူမှာ TBC ရှိတာ သုံးလို့မရဘူးလားမေးတယ် ရတာပေါ့လို့ အဲ့ဒီသူပြောင်းချင်တာက WGS84 ကနေ SVY21 လွယ်တယ်လေ၊ ကိုယ်ကလဲ commercial software မသုံးချင် Free ရတာကို အရင်ရှာတာ ကိုယ့်အားနည်းချက်ကို ပြောပြလိုက်ရတယ်။
No comments:
Post a Comment