Sunday, 8 May 2022

မိန်ရာဟင်းကောင်း

ကျွန်တော်သည် နီပေါနိုင်ငံမှာ Airborne LiDAR မတိုင်းခင် လိုအပ်သော မြေပြင်ကွင်းဆင်းခြင်း၊ ယာယီ GPS Control Point များအတွက် နေရာရှာခြင်း အိမ်ရှင်များနှင့် ညှိနိုင်းခြင်း၊ GCP များ တိုင်းတာခြင်းကို ပြုလုပ်ရန် ကြိုတင်ပြီး ကွင်းဆင်းရ၏၊ တောတောင်သည် ထူထပ်သည် သားရဲတိရိစ္ဆာန်များပေါများလှသည်။ ခရီးက ကားလမ်းကြမ်းသည်။ တောထဲ လမ်းလျောက်ရသည်။  ပတ်ခန့် ကွင်းဆင်းပြီးချိန်မှာ ကျွန်တော်ရုပ်ရေသည် ပြောင်းလာခဲ့သည်။ ပင်ပန်းတာများတော့ စိတ်လဲ တိုလာသည်။ ကိုယ်တာဝန်ခံထားသည့် အလုပ် ဆိုတော့ အမှားမပါလို၊ ထို့ကြောင့် ပိုအားစိုက်ရ၍ ပိုပင်ပန်း သည်။

ကျွန်တော်တို့ တိုင်းတာ စစ်ဆေးမှုတွေလုပ်ပြီး နေရာတခုမှ တခု ပြောင်းရသည်။ ယခုပြောင်းမည် နေရာသစ်က တည်းခိုခန်းမရှိ အိန္ဒိယ နယ်စပ်ဖြစ်သည်။ မနက်ကတည်းက ခရီးစထွက်လာတာ ညနေ  နာရီထိ မရောက်သေး အင်တာနက်က လမ်းတွင်မရပါ၊ လမ်းကြောင်းကို ကျွန်တော်ပဲပြရသည်၊ ညက ဖုန်း GPS မှာ ကြည့်ထားသမျှ လက်ကျန်မြေပုံလေးတွေနဲ့ ခရီးဆက်နေရသည်၊ မြေပုံမှာပဲ လမ်းကြောင်းပုံ တချို့နေရာအတွက်မရှိပါ။ ဗိုက်က လွန်စွာဆာသည်။ ကားဆရာတွေကိုလဲ အားနာသည်။ ပါလာသော အဖွဲ့ကိုလဲ အားနာသည်။ ရှေ့ဆိုင်တွေ့တာနဲ့ စားမည်ဟု ဆုံးဖြတ်ထားသည်။


ဒါနဲ့ ဆိုင်တွေ့တော့ ကားကိုရပ်ခိုင်းသည်၊ နောက်ကားက လဲ လိုက်ရပ်သည် ကဲစားမယ်ဆိုပြီး ပြောတော့ ကားဆရာတွေကတော့ စားလိုကြသည်။ နီပေါက အရာရှိက ကျွန်တော်ကို ပြောသည် သူ့ အသိရောက်မှ စားမည်ဟု ပြောတော့ စိတ်က တိုသည် ကဲဘာလို့လဲ ဒီမှာ လူကုန်ဗိုက်ဆာနေပြီဟု ပြောတော့ သူက ဒီဒေသမှာ အဆိုးဆုံးက ဝမ်းရောဂါပဲ လူသစ်တွေဆို ဝမ်းကိုက်မှာ သေချာတယ် ဒါကြောင့်မစားနဲ့လို့ပြောကြောင်း ရှင်းပြသည်။ အော် ဟုတ်ပေတာပဲ တခါတခါ ကိုယ်က ဦးဆောင်တိုင်းလျောက်လုပ်လို့မရ၊ တခါတခါ သူတို့ အကြံတွေ ကိုလက်ခံရသည်။ ပိုပြီး အဆင်ပြေမှာဖြစ်သည်။


ညနေ  နာရီကျော် ဆောင်းအစမို့ မှောင်မှရောက်သည်။ ရွာအိမ်တအိမ်မှာ တည်းရသည်။ ကျွန်တော် တည်းဖို့ရန် သူတို့ အခန်းတခုပြင်ပေးသည်။ ညစာ ကို ချက်ချင်း ပြင်သည် ထမင်းချက်သည်။ နီပေါ လက္ဘရည်သောက်ရင် စောင့်ရသည်။ ပဲဟင်းရည် နှင့် ကြက်သား သည်  ထမင်း လွန်စွာလိုက်ဖက်သည် မြေပေါ်မှာ စားရပင်မဲ့ ဆာနေတော့ အတော် စားလိုက်မိသည်။ တကယ့်ကို မမေ့စရာ မိန်ရာဟင်းကောင်းဖြစ်သည်။ ပဲဟင်းကတော့ သူတို့ ထမင်းမှာ မပါမဖြစ်ပါ အိမ်ရှေ့တိုင်းမှာ စပါးကျီ လို တွေရှိသည် ပဲတွေ ထည့်ထားသည်ဟု သိရသည်။


ဒီနေရာမတိုင်ခင် ကွင်းတခုမှာ ကျားတွေ့ထားသော ကျွန်တော်တို့ အဖွဲ့သည် ကျားကို အရမ်းကြောက်နေကြသည်။ ကျွန်တော်ဆို တောထဲမှာ အရင်ဆို  ကီလိုလောက် တိုးသည်။ အခုတော့ သစ်တောက အရာရှိက ဒီတောမတိုးနဲ့ ဘင်္ဂလားကျားရှိတယ်ဘယ်လောက်ကတွေ့ထားတယ် စသည်ဖြင့် သူ့ စိတ်မချရတဲ့ နေရာဆို ကားပေါ်ကမဆင်းတော့။ ပထမတွေ့ထားတာက ရိုးရိုးကျားဖြစ်သည်။ ဘင်္ဂလားကျားက တိုက်ခိုက်တက်သည်။ ကျားခြေရာတွေ သူတို့ ဆော့ထားတဲ့ နေရာတွေကိုကျွန်တော်တို့ကိုပြသည်။ ကျားခြေရာက ကျွဲခြေရာထက်ကြီးသည်။ 


၃ ရက်နေတော့ တိုင်းလို့ပြီးပြီ နောက်တနေရာသို့ ကူးရတော့မည်။ နေ့လည်စာ စားပြီးတာနဲ့ ခရီးစထွက်မည်။ အိမ်ရှင်က ကျွန်တော်ကို ဟင်းကောင်းကျွေးချင်သည်၊ Guide က တဆင့်ပြန်ပြောသည် မင်းတို့ဟင်းကောင်းကျွေးချင်တယ် သူကို ပိုက်ဆံ ပို ပေးဖို့ပြောသည် ဘာဟင်းမို့လို့လဲ ဆိုတော့ ငါးဟင်းဖြစ်သည်။ နယ်စပ်ကိုကူး အိန္ဒိယ ထဲကနေသွားဝယ်ဖို့ ဟု ပြောသည်။ ကိုယ်အတွက် ငါးက ဟင်းကောင်းတော့ မဟုတ် သူတို့ ကြည့်ရတာ စားရခဲပုံရသည် စျေးကလဲ ဒီဒေသမှာ ငါးက စျေးကြီးသည်။ ကျွန်တော်က အိုကေ ပေးမယ်ပြောတော့ သူတို့ ပျော်သွားပြီး ခပ်သုပ်သုပ် ထွက်သွားသည်။ ငါးတွေဝယ်လာသည်။ ပြီးတော့ အကွင်းလိုက်ချက်သည် ငါးရှားတဲ့ အရပ်ဆိုတော့ ငါးကို တန်ဖိုးကြီး အစာအဖြစ် သတ်မှတ်ထားလို့ သေချာဂရုတစိုက်ချက်သည်။ အတော့်ကို စားကောင်းသည်။ ကျွန်တော် တကွင်းပဲစားခဲ့သည်။ သူတို့ကိုပိုစားစေချင်၍ ဖြစ်သည်။


ကိုပြည့်

ငလျင် ခရီး အတိုအစများ (၁)

ငလျင်စက်များကို တပ်ဆင်ဖို့ နေရာရွေးတဲ့ အခါ မြေသား ငြိမ်သော ကျောက်သား နေရာများ၊ လူသူနဲသည့် နေရာများ၊ ကားလမ်း အပင်ကြီး ရေစီးချောင်း စသည့် လှုပ်ခပ်သော နေရာများနှင့်ဝေးရာ ဆိတ်ငြိမ်သော နေရာများကို ရွေးချယ်ရသည်။

သုသာန်လို နေရာ များကြတော့ ညစောင့်ရှာရခက်သည်၊ သရဲကြောက်ကြလို့ ယာယီတပ်ဆင်ဖို့ လူဌားတာတောင် ၃ လေးယောက်ဌားရတော့ တွက်ခြေမကိုက်ပါ၊ ရွာအစွန်အဖျားရှိ ဘုန်ကြီးကျောင်း၊ တချို့ အခြားဘာသာရေးကျောင်းများတွင် တပ်ဆင်ဖို့ ကျွန်တော် အများဆုံး ရွေးချယ်ဖြစ်သည်၊ ဘာသာရေးနဲ့ နွယ်တဲ့ နေရာတွေ ဆိုတော့ ပစ္စည်းအပျောက်အရှ နဲသည်၊
ကျောင်းနဲ့လှမ်းပြီး တောစပ်ကျသော နေရာများတွင်သာ ပျောက်တက်သည်၊ ဘုန်းကြီးက ငလျင်ဘေးအန္တာရယ်အတွက် သုတေသန ပစ္စည်း မခိုးရ ပြောလဲ ပျောက်သည်၊ ရွာ လျပ်စစ်မီးရမှ ဆိုလာ ဘတ္တရီ အပျောက်သပ်သာသွားသည်။
တချို့ကတော့ လောက်လေး လက်တည့်စမ်းကြသည်။ တန်ဖိုးသိန်းရာချီ စက်ပစ္စည်းတွေ ပျက်စီးကြရသည်. ဒါတွေက ရှောင်လွဲလို့မရ၊ ပျက်တော့လဲ ပြင်ရသည်သာ။
အခုမီးတွေ မမှန်တော့ ပျောက်မှာ စိုးနေရသည်၊ ဆိုလာစျေးကလဲ မသေးလှ၊
မြေဌားရသည်၊ မြေဌားခကိုတော့ လျော့ပေါ့ပေးရန် မြေရှင်များကို တောင်းပန်ရ၏၊ သဘာ၀ဘေးပါ ဒါတွေက အများကောင်းဖို့ပါ ပြောရသည်။ လက်ခံကြပါတယ်၊ တချို့တလေ သာ ပြသနာ အနဲငယ်ရှိသည်၊ တယ်လီဖုန်း တာဝါတိုင် ဖြစ်သည်။ သူတို့က ပိုက်ဆံပေးနိုင်သည်၊ ရွာကလူတွေက ဖုန်းတိုင် ပိုက်ဆံမျိုးရလိုကြသည်၊ ခက်တာက ကျွန်တော်တို့က မပေးနိုင်၊ ရှင်းပြရ၏၊ အဆင်ပြေပါတယ်၊
အခုက ခရီးက ထင်တိုင်းသွားလို့မရ စက်ရပ်သွားရင် တချို့ ကျောင်းထဲဆောက်ထားတဲ့ စက်နေရာတွေဆိုလျှင် ဘုန်းကြီးက သွားကြည့်ပေးသည်၊ တချို့ ဆရာတော်တွေက ဘက္ကရီလဲတာ စက်ကို Restart ချတာ တွေကို ကျွမ်းကျင်သည် ကိုယ်တော်ကလဲ ဝါသနာကြီးသည် သူကျောင်းမှာ ဆိုလာမီးတိုင်တွေ ကျောင်း Inverter တွေကို သူကိုယ်တိုင် ဆင်သည်။
ခက်တာက ကျွန်တော်ဖြစ်သည်၊ ရဟန်း သံဃာ ကို ခိုင်းမိသလိုဖြစ်မိသည်၊ ဘာမှတော့ မဟုတ် စက်ရပ်တာကြည့်ခိုင်းမိတက်သည်၊ ဘုရား ဆိုလာပြား ရှိသေးလား၊ စသည်ဖြင့် မေးနေမိသည်။
ငရဲငအုံတော့ ကြီးမှာ သေချာသလောက်ဖြစ်သည်၊ ထို့ကြောင့် အကုသိုလ်မဖြစ်အောင် ပြန်တွေးရ၏ အော်ငါ ငလျင်ဘေးအတွက် သုတေသန သမားတွေကို ကူညီနေတာပဲ၊ ဆရာတော်တွေ တွေ့ဖြစ် ရန်ကုန်ရောက်လာရင်လဲ သေချာကုသိုလ်ပြုဖြစ်ခဲ့သည်။ တချို့ ဆရာတော်ကြီးတွေက ဥက္ကဌ ဆရာတော်ကြီးတွေဖြစ်သည်၊ ကျွန်တော်တို့ကို လွန်စွာခင်သည် ရန်ကုန် သံဃာ့ အစည်းအဝေးလာရင်တွေ့ချင်သည် ပြောသည်၊ သူ့ Landcruiser နဲ့ ကျွန်တော်တို့ ရုံးက ဌားထားတဲ့ ကားတွေကို အမြဲယှဉ်မေးတက်သည်၊ အခုတော့ နယ်တွေက တချို့ ဆရာတော်တွေလဲ ကျောင်းသာရှိတော့သည်၊ ဆရာတော်တွေက ညီကျောင်းတော်မှာ သွားနေနေကြရသည်။
အားလုံးကြပ်တည်းနေတာသိတော့ ငွေပေါပေါနဲ့ တခေါက်လောက် ပတ်ပြီး စက်တွေ စစ်ဆေးပြုပြင် ချင်နေတော့သည်။
ကိုပြည့်


Sunday, 12 December 2021

Rudraksha (နီပေါနိုင်ငံ)

    နီပေါနိုင်ငံမှာ အလုပ်ကိစ္စနဲ့ လနဲ့ ချီသွားလာခဲ့တော့ နိုင်ငံရဲ့ နေရာတော်တော်များများပတ်သွားခဲ့ရတာပေါ့၊ တောတွေတောင်တွေထဲ ကျားတွေ၊ မျောက်တွေ၊ ဒေါင်းတွေ၊ တောဝက်တွေ အစုံ မြင်ခဲ့တွေ့ခဲ့ရတယ်၊

    လမ်းမှာ စားဖြစ်တဲ့ Sunwal ဆို့တဲ့ အရပ်က ထမင်းဆိုင်ခေါင်းမိုးမှာ ကိုယ့် စက်တပ်ဖို့ ဖြစ်လာတော့ အဲ့ဒီ ဆိုင်ကို သုံးခေါက်လေးခေါက်မက ရောက်ဖြစ်တယ်၊ အဲ့ဆိုင်မှာ Tandoori chicken ဆိုတာ စင်ကာပူမှာလိုမဟုတ်ပဲ တကယ့် ကျေးလက် တောထမင်းဆိုင် အရသာပေးစွမ်းပါတယ်၊ စားလို့ အတော်ကောင်းတယ်၊

    အဲ့ဒီဆိုင်ရှေ့မှာ အပင်တပင်ရှိတယ်၊ ကိုယ့်ကားဆရာက နီပေါဆိုပေမဲ့ သူက တိဘက်နွယ်တယ်၊ သူက ဒီအပင်က အစေ့ကတဲ့ ပုတီးစိပ်တာတဲ့၊ အသီးမှာ အမြောင်းလေးတွေပါတယ်၊ မျက်နှာစာလိုပေါ့ အမြောင်းများလေ စျေးကြီးလေပဲတဲ့၊ ကိုယ်လဲ အော် တခါမှ မမြင်ဖူးဘူးလေ၊ သူက မာလာမာလာ ဆိုပြီး ပုတီးစိပ်ပြသလို လုပ်ပြတော့မှ ၁၀၈ လုံးပုတီးသွယ်ရောင်းတဲ့ အသီးလို့မှတ်ထားခဲ့လိုက်တယ်၊ နောက်မှ ပြန်ရှာကြည့်မှ Rudraksha လို့ ခေါ်တယ်တဲ့ ဟိန္ဒူ နတ်ဘုရား Shiva နဲ့ ပတ်သက်တယ် သူရဲ့ မျက်ရည်လို့တော့ ဖတ်ရတယ်၊ တချို့ Online Store တွေမှာ Rudraksha ကို Gem တွေ Certificate ထုတ်ထားသလို၊ သူတို့လဲ လက်မှတ် ထုတ်ထားတယ်၊ အစွမ်းထက်တဲ့ အဆောင်အနေနဲ့ ဆောင်ကြတာတွေ့ရတယ်၊ ပုံမရိုက်ခဲ့ရတော့ buy.asrosage က ပုံပဲတင်ထားလိုက်တယ်၊




နောက်ကတော့ ခေတ္တမတူ မြို့ထဲ လျောက်လည်ရင်းနဲ့ Singing Bowl လို့ခေါ်တဲ့ ကြေးဖလား လိုဖလားလေးတွေ အဲ့ဒါတော့ ဝယ်လာခဲ့တယ်၊ သစ်သား တုတ် တခုပါတယ်။ အသံသာတာ ရွေးဝယ်လာခဲ့တယ်၊ သတင်းစာနဲ့ ထုတ်ပေးတယ်၊ လက်ဆောင်ပေးရအောင်ပေါ့၊ တခြား ကြေးပစ္စည်းတော်တော်များများရှိတယ်။ ဂေါ်ရခါး ဓါးကောက်တွေလဲ ရှိတယ် လေဆိပ်သယ်ရမှာ ခက်တာရယ်၊ စျေးလဲ ကောင်းကြတော့ မဝယ်ဖြစ်တော့ဘူး၊ အနွေးထည်တော်တော်များများ ကျောပိုးအိတ် တွေတွေ့ရတယ် ဒါပေမဲ့ မဝယ်ခဲ့ပါဘူး၊ အစစ်လို့တော့ မထင်ဘူး၊

















၊ 

Saturday, 18 September 2021

WFH နဲ့ အပျင်းရောဂါ

IOT
    အခုရက်တွေမှာ Work From Home များပါတယ်၊ အလုပ်က အိမ်ကနေလဲ လုပ်လို့ရတဲ့ အလုပ်အမျိုးအစားဖြစ်လို့ သိပ်တော့ ပြသနာမရှိပေမဲ့ ပျင်းတဲ့ ရောဂါကတော့ တိုးလာပါတယ်၊ MPU9250၊  MPU6050  နဲ့ WitMotion Tilt meter တွေကို စမ်းဖို့ စဉ်းစားမိပါတယ်၊ လိုအပ်တာတွေဝယ်ဖြစ်ပါတယ် Sensor စျေးတွေက စျေးမကြီးပါဘူး၊ နောက် ESP8266၊ Pi Pico နဲ့ Raspberry Pi zero နဲ့ 3 နဲ့ 4 ပါ ဝယ်ဖြစ်ပါတယ်၊ Idea ကတော့ Pi 3 နဲ့ 4 ကို Server အနေနဲ့ ထားမယ်၊ Pi Zero၊ ESP ကိုတော့ Sensor နဲ့ ချိတ်ပြီး Client ထားချင်တာပါ၊ Pi Pico ကိုတော့  Micropython နဲ့ အသစ်အဆန်းမို့ စမ်းချင်လို့ပါ။ 
    
    MPU6050 နဲ့ MPU9250 ကို I2C နဲ့ ချိတ်မယ်၊ Pi Zero မှာတော့ MQTT ကို Python နဲ့ run ပြီး Pi Server ဆီကို ပို့မယ်ပေါ့၊ MPU6050 ကို ESP8266 နဲ့ ချိတ်မယ် သူလဲ  MQTT ကနေ ဆာဗာ ဆီပို့မယ်၊ Pi Server မှာတော့  Node red နဲ့ MQTT ဆာဗာ သွင်းထားမယ်၊ MQTT က ရောက်လာတဲ့ ဒေတာကို Topic အလိုက် InfluxDB မှာ သိမ်းမယ်၊ Grafana ကိုတော့ Plot လေးတွေ Timeseries လေးတွေ သေချာ လှလှပပ ကြည့်မယ်ပေါ့၊ 

    လုပ်ရမယ့် အဆင့်တွေကများတယ်ဆိုပေမဲ့ လွယ်ကူပါတယ်။ MPU6050 နဲ့ MPU9250 တွေကို Calibration လဲ လုပ်ချင်တယ် နောက်ပြီး Kalman Filter လေးလဲ ခံချင်ပါတယ်၊ သူတို့က Gyro ရော  Accelerometer ရောပါပါတယ် MPU9250 က Megnet ပါပါတယ်၊ ကျွန်တော်က Inclinometer အဖြစ်သုံးမှာ ဆိုတော့ Accelerometer ကိုပဲသုံးမယ် MPU6050 ကိုတော့၊ MPU9250 ကိုတော့ Sensor Fusion  ပါစမ်းမယ်၊ Temperature ကိုတော့ မသုံးတော့ ဘူး၊ InfluxDB က အချိန်ကြာလာတာနဲ့ အမျှ Pi မှာ လေးလာနိုင်လို့ပါ၊ ESP နဲ့  Pi Zero အတွက်ကတော့ သူများရေးပြီးသား ကိုပဲ ကူးယူတယ်၊ MQTT ပိုင်းနဲ့ ကိုယ်မလိုတာ ပြန်ဖြုတ်တယ် Modifiled လုပ်ရုံမှာပဲ၊ 

    ကျွန်တော် Router ရဲ့  local IP က 10.0.1.XX နဲ့ စတယ်၊ Pi ကို ချိတ်ပြီး Local IP ကိုစစ်ပြီး MQTT IPအနေနဲ့ Client Program တွေမှာထည့်တယ်၊ 

    Node red  ကတော့ အတော်ကို အဆင်ပြေတယ် MQTT ကရလာတာကို လွယ်လင့် တကူ InfluxDB ထဲ ထည့်ပေးရုံပဲ၊ တခုပဲ  MQTT က String နဲ့လာတာကို Grafana မှာ Timeseries Analysis လုပ်တော့  float တန်ဖိုးနဲ့လိုချင်တယ်၊ MQTT input နဲ့ InfluxDB ကြားမှာ Function တခုခံပေးလိုက်ရင် ပြေသွားတယ်၊ Javascript နဲ့ ဆိုတော့ နဲနဲ Google မှာ လိုက်ရှာရတာနဲ့ Easy ပါပဲ။

    Node red မှာလဲ Plot တွေ ပြလို့ရတယ်၊ Grafana ကတော့ ပို လှတာပေါ့ လွယ်လဲလွယ်တယ်လေ။ စက်ကို  run ထားတာ ၁ ပတ်လောက်ကြာတော့ Pi မှာ တင်ထားတဲ့ Influx က သိပ်အဆင်မပြေတော့ဘူး၊ Error တွေ များတာရယ်။ Grafana မှာ Refersh လုပ်ရင် တော်တော်နဲ့ ပေါ်မလာတော့ဘူး။

    အဲ့တာနဲ့ပဲ Digitalocean ကနေ VPS တခု ဝယ် Node red MQTT influxDB Grafana နဲ့ Webserver တခု သွင်းလိုက်တော့တယ်၊ DO Server ကို Ubuntu သွင်းတယ်၊ Hacker ကြောက်လို့ ssh ကို root  ဖျောက်လိုက်တယ်၊ Domain Name မဝယ်ချင်သေးဘူး စမ်းနေတာမို့လို့ IP နဲ့ပဲ အိမ်က Sensor တွေရဲ့ ဒေတာပို့တယ် Grafana နဲ့ ပြန်ကြည့်တယ် Telegram ထဲကို Alert Noti ပို့တာ စမ်းတယ်၊ Node red ကို လုံခြုံရေး မြင့်တာကိုပါ လုပ်ဖြစ်တယ်၊ အားလုံး ကလိလို့ ၀တော့မှ Sensor တွေကို ပြန်လှည့်တယ်၊ ပါဝါပိုင်းဆိုင်ရာပေါ့၊ USB ပါဝါ တိုင်းတာရှိတယ်၊ Pi Zero နဲ့ ESP ကိုတော့ မပြပေးဘူး A သုံးတာ အရမ်းနဲလို့  အဲ့ဒီတော့ ရှိတဲ့ Power Bank နဲ့ ဘယ်နှစ်ရက် အသုံးခံသလဲ စမ်းရတာပေါ့၊ 

    အခုလို IOT ကို အစအဆုံး သေချာလေ့လာလိုက်တော့မှ အပျင်းပြေသွားတယ် lora နဲ့ NRF Radio တွေ ဝယ်ထားတယ်၊ ဆက်ကလိဖို့က နဲနဲ ပျင်းသွားပြန်ပြီ။ ခဏထားလိုက်ဦးမယ် Sensor တွေကတော့ ဆက် run ထားတယ်၊ Witmotion က tiltmeter  လဲ ဝယ်ထားတော့ MPU တွေက ရတာနဲ့ စျေးကြီးတဲ့ ကောင်နဲ့ နိုင်းယှဉ်လို့ရအောင်၊ ရည်ရွယ်ချက်ကတော့ ဘုရားတွေနဲ့ Landslide ဖြစ်တဲ့ နေရာတွေမှာ Tile meter နဲ့ ကျွန်တော့် GPS CORS တက်ပြီး Monitoring လုပ်ချင်လို့၊ 

    အခုတော့ အတော် ပြန်ပျင်းနေလေရဲ့ 

ကိုပြည့်













Wednesday, 23 June 2021

LiDAR အကြောင်း

    အခုက LiDAR တွေစျေးသပ်သာလာတယ်၊ သေးငယ်ပေါ့ပါးလာတယ်၊ Battery စား သပ်သာလာတော့၊ Drone တွေမှာ တွင်တွင်ကျယ်ကျယ် အသုံးပြုလာကြပါပြီ၊  RIEGL က လဲ ထုတ်တယ် Senor အပါ Unit တခုလုံးကို USD 180k လောက်ရှိတယ် စျေးအလွန်များပါတယ်၊ Drone ကလဲ ပျက်ကျနိုင်စရာ risk ရှိတော့ ပျက်ကျရင် Sensor ပါ ပျက်နိုင်ချေရှိပါတယ်။ Drone ကလဲ သူကို သယ်ယူနိုင်တဲ့ Drone ဆိုတော့ သိန်းရာကျော်ထပ်ကုန်ဦးမှာပါ။ 

    နောက်တခုက ခုမှ ခေတ်စားလာတဲ့ DJI L1 ပါ Livox  စျေးသပ်သာတဲ့ Sensor ကို သုံးထားပါတယ်၊ Camera ရယ်  DJI ရဲ့ RTK စနစ်ရယ် သူရဲ့  Flight Plan software တွေ Processing software တွေ၊ ပါဝါစနစ်တွေက အရမ်းကို Ecosystem တခုဖြစ်ပါတယ်၊ တကယ် ဆာဗေးတိုင်းရင် ကထိကထ နဲလေ အလုပ်လုပ်ရတာ စိတ်ချမ်းသာလေပါပဲ၊  Geosum တို့လို့ တခြား LiDAR စနစ်နဲ့ Drone ခွဲဝယ်ရတာတွေမှာ၊ RTK Mounting စနစ်တွေ၊ Sensor ပါဝါ စနစ်တွေ ကထိကထများမှာပါ၊ DJI က USD 13k ကျော်ရှိပါတယ်၊ တခြားလိုအပ်တာတွေပါထပ်ဝယ်ရင် USD 25K လောက်ဆို Survey စတိုင်းနိုင်ပြီ ဆိုပါတယ်၊ 

    Indiana drone က Review လုပ်ထားတာကြည့်တော့ စျေးသပ်သာတဲ့ INS စနစ်ကို သုံးထားပုံရပါတယ်၊ Accuracy က သိပ်အဆင်မပြေပါဘူး၊ တိုပို ကွန်တို အတွက်က အဆင်ပြေပါတယ် အဆောက် အဦတွေ တံတားတွေကို လစဉ် Monitoring တွေ လုပ်မယ် Project တွေအတွက်ကတော့  မသုံးသင့်သေးပါဘူး၊ DJI က ရပ်တန့်နေမှာ မဟုတ်ပါဘူး Mapping လောကထဲမှာ ကျင်လည်နေတာ ကြာပါပြီ နောက်ထွက်မယ် Version မှာ သေချာပေါက်ကောင်းမှာပါ။ 

    INS စနစ်ကထဲ USD 25k လောက်ရှိတယ်ဆိုတော့ UAV LiDAR အတွက်ကတော့ အကောင်းစားသုံးရင်လဲ စျေးက များလာမှာပါ၊  INS စနစ်ကောင်းမှကို ဖြစ်မှာပါ၊  LOAM ဆိုတဲ့ နည်းပညာကတော့ GPS ရော IMU ရော မလိုပါဘူး၊ ဒါပေမဲ့ စိတ်ချရတဲ့ နည်းတခုတော့ မဟုတ်သေးပါဘူး။ 

    သေချာတာကတော့ Drone LiDAR တော့ Survey လောကရဲ့ မရှိမဖြစ် ကိရိယာ တခု ဖြစ်လာမှာ သေချာ မလွဲပါပဲ။

Monday, 21 June 2021

TLS နဲ့ ကျွန်တော်

     RIEGL VZ-400 ဆိုတဲ့ လေဆာ စက်က ကြာပေါ့ ရုံးမှာရှိတာ ၂၀၁၀  လောက်ထဲက ဝယ်ထားတာ ကိုယ်တောင် အလုပ်မဝင်ရသေးဘူး၊ အဲ့ခေတ်က LiDAR က အတော် စျေးကြီးတဲ့ ပစ္စည်းတခုပေါ့ သူ့ဝယ်တုန်က စင်ကာပူမှာ တိုက်ခန်းတခန်းဝယ်လို့ရတဲ့ စျေးနဲ့ ညီမျှတယ်။ ကာလီဘရေးရှင်း ပြန်လုပ်မလို့ စျေးမေးပြီး မလုပ်ဖြစ်သေးဘူး သူ့ကို စစ်မလား  Faro အသစ်တလုံးဝယ်ရမလား စဉ်းစားတုန်း၊ ကိုယ်တာဝန်ယူထားတဲ့ စက်တွေ ဆိုတော့ ဖုန်သုတ် သေတ္တာထဲ သေချာထည့်သိမ်းထားတာပဲရှိတယ်၊ 

    ဟိုတလောကမှ ကိုယ်က ပင်လယ်ရေ လေ့လာတဲ့ အဖွဲ့ကို ဒါရှိတယ် မင်းတို့လိုရင်ပြောလို့ စကား စထားတယ်၊ အဲ့ဒါနဲ့ပဲ သူတို့က တိုင်းတာချင်လာတယ်တဲ့ တိုင်းချင်တာက Coral အသေးလေးတွေ ကိုယ်စက်က တကယ် တိုပိုကြီးတွေ မိုင်းတွင်းတွေ ရှယ်တိုင်းတဲ့ အမျိုးအစား၊ အသေးတိုင်းတဲ့ စက်ကလဲ အိုဗားစီး ရောက်နေလေတော့ RIEGL ကြီးကိုထုတ် ဖုန်သုတ် အားသွင်း သူတို့လိုချင်တဲ့ Object  ကို တိုင်းလို့ အဆင်ပြေမပြေ ကိုယ်က စမ်းရတော့တာပေါ့၊ စက်ထည့်တဲ့ သေတ္တာကို ကြမ်းမှာချ LiDAR ကို 60 ဒီဂရီစောင်း Scan ဖတ်ပေါ့၊  scan position ကိုတော့ သုံးနေရာပြောင်းတယ် လေဆာ မလွတ်အောင်လို့၊ 

    သူ့ကို Scan ဖတ်တဲ့ Software က RiScan Pro ၃၂ ဘစ် ဆိုတော့ Resolution တင်လိုက်လို့ ဒေတာများရင် Memory မနိုင်ဘူး၊  Resolution ချပြီး တိုင်းတယ် မြန်တာပေါ့ တိုင်းရတာတော့၊ Scan Position သုံးနေရာလုံးကို Combine လုပ်တယ် အဲ့ဒီ Software နဲ့ပဲ၊ combine လုပ်တာရယ် Point Cloud ဖိုင် Export လုပ်ပြီဆိုရင်တော့ Dongle Key လိုတယ် လိုင်စင်ပေါ့၊ 

    ရလာတဲ့ Point Cloud က Tripod ခြေထောက်တို့ မလိုတဲ့ နေရာတွေကို လှီးဖြတ်ဖို့ကျတော့ RiSCAN Pro ကို မသုံးချင်ဘူး၊ Free ရပြီး အရမ်းကောင်းတဲ့ Cloudcompare ကိုသုံးဖြစ်တယ်၊ အရင် ထဲ က ကြိုက်တာ CC ကို၊ အရင်  Airborne LiDAR ထဲက စမ်းတယ်၊ Huge data တွေကို မနိုင်ပင်မဲ့ Segment တွေ ပိုင်းပြီး ကလိထားတော့  လက်က ယဉ်နေသေးတယ်။ 

    Cloud Compare နဲ့ သန့်စင်ပြီး သကာလ 3D လုံးဖို့ကျတော့ Meshlab ကို သုံးဖြစ်တယ်၊ Mesh လုပ်တာ CC မှာလဲရတယ်၊ Meshlab ကို သုံးရတာ ပိုကြိုက်တယ်၊ Select  လုပ်ရတာတော့ နဲနဲခက်တယ်၊ Paremeter ကစားကတာကို Meshlab က ပို မြန်တယ် ခံစားရတယ်။ အဲ့ဒီ ၂ ခုလုံးက Mac မှာရတော့ လုပ်ရကိုင်ရ အဆင်ပြေတယ်၊ Windows စက်ပြောင်းကိုင်ရတာကိုက ဒေတာကို ဟိုပို့ ဒီကူးလုပ်ရတာ စိတ်မရှည်။ 

    Meshlab  ကနေရလာတဲ့ ဒေတာကို Export လုပ်တော့ Ply နဲ့ လဲလုပ်တယ် dae နဲ့လဲ လုပ်တယ်၊ dae ကိုတော့ Sketchup ထဲထည့်တယ်၊ ကိုယ်သုံးတာက Sketchup Make ဆိုတော့ Export ပြန်လုပ်ရင် stl ဖိုင်နဲ့ ထုတ်မရဘူး။ Sketchup online နဲ့ ပြန်ပြောင်းရတယ်၊ Sketchup ကလဲ အရင်လို gmail နဲ့မရတော့ဘူး အကောင့်ပြန်လုပ်ရတယ်၊ Sketchup သုံးတာက 3D Print ထုတ်တဲ့ အခါ အောက်ခံ တဲ့ Frame လေး ထည့်ချင်လို့၊ 

    stl format နဲ့ ရလာတော့ နောက်ဆုံးတခုက gcode ပြောင်းတာ CURA ကိုသုံးတယ် ကိုယ့် 3D Printer က Print ရုံးမှာဆိုတော့ အချိန်အကြာကြီးမပေးနိုင်ဘူး Quality ကောင်းကောင်းတင်တယ်၊ Size ကိုတော့ ၈ နာရီလောက်ပဲ အများဆုံးပေးနိုင်တော့ အဲ့ဒီ အတွင်းရအောင်ချိန်ထုတ်တယ်၊ 

    အဲ့ဒီတော့ Project တခုက Point cloud ပေးနိုင်တယ်၊ 3D Mesh ပေးနိုင်တယ်၊ 3D model ပေးနိုင်တယ်၊ 3D Print ထုတ်ထားတာပေးနိုင်တယ်၊ ဒါပေမဲ့ တချို့ဆရာတွေက 3D software တွေနဲ့ အကျွမ်းတဝင်ရှိတာမဟုတ်ဘူး၊ အဲ့ဒီတော့ Web မှာ မြင်ရအောင် potree သုံးပြီး တင်ပေးလိုက်တယ်၊ ဒေတာက အပြင်ချပြလို့မရတော့  ရုံးက အင်ထရာနက်က Site မှာပဲ Deploy လုပ်ထားလိုက်တယ်၊ off campus ရောက်နေရင် VPN နဲ့ ဝင်ကြည့်ရတယ်၊ WebGL Support ပေးတဲ့ Browser နဲ့ ဝင်ကြည့်ရင် တော်တော်လေး ကြည့်လို့ကောင်းတယ်၊ တိုင်းတာတာ ဘာညာ နဲ့ LiDAR point တွေကို Intensity တွေ Elevation စတဲ့ စကေးတွေ ကစားလို့ရတော့ လူစိတ်ဝင်စားတာပေါ့။

    Work flow တခုလုံးက လုံး၀ မခက်ဘူး နောက်ပိုင်းစိတ်ဝင်စားရင် ပြောပြပေးမယ်။




GPS တွက်ချက်ခြင်း

    အခုရက်ပိုင်းက CORS GPS တွေ မတွက်ဖြစ် ၁ နှစ်ကို ၂ ခါလောက်ပဲတွက်မယ်စိတ်ကူးထားတာ ဒါပေမဲ့ UNAVCO က မြန်မာ ၅ စခန်း ကဘော် ပြတ်ရွေ့ အရွေ့လေးသိချင်တာနဲ့ အပျော်တွက်ကြည့်ဖြစ်တယ် ၂ နှစ်ခွဲလောက် ဒေတာဆိုတော့ ၂ပတ်လောက်တွက်ရတယ်၊ Script နဲ့ run ပေးထားလိုက်ပါတယ်၊ Velocity နဲ့ Timeseries plot တွေ ထွက်လာတော့ စိတ်ဝင်စားဖို့ကောင်းတာတွေတော့တွေ့ပါတယ်၊ Plot တွေကတော့ မတင်တော့ပါဘူး သုတေသနသမားတွေ ပေပါထွက်လာမှာပဲထင်ပါတယ်။ unavco ကိုယ်တိုင်ကလဲ Velocity Map ထုတ်ပါလိမ့်မယ်။

    အခုက ရေးချင်တာက SVY21 ပဲ၊ သိတဲ့ GPS Know ကနေ Trimble Business Center နဲ့  တွက်ပေးတာ၊ သာမာန် GPS တွက်တာလေးပါပဲ၊ SVY21 ကနေ WGS84 နဲ့ Lat Lon ကို TBC မှာ ထည့်ပေးရမှာ၊ WGS84 Lat Lon က မသိဘူး၊ ပြောင်းပြီးထည့်လိုက်ရတာပဲဆိုတော့ အရင် ပြောင်းနေကျ  Software လေးတွေ ပြန်ရှာ မတွေ့တော့ဘူး Online ကနေ တိုက်ရိုက်ပြောင်းပေးတဲ့ site တခု နှစ်ခုကနေ စမ်းပြောင်းကြည့်တယ်၊ Lat Lon တော့ရလာတယ် TBC ထဲ ထည့်လိုက်တော့၊ SVY21 နဲ့ ပြန်ပြကြည့်တယ်၊ Know Coordinates နဲ့ အနဲငယ်ကွဲနေပြန်ရော။ အဲ့ဒါနဲ့ စိတ်တိုင်းမကျတော့ တခါထပ် ပြောင်းတဲ့ Software လေးတွေပြန်ရှာ မရပြန်ဘူး၊ နောက်ဆုံးတော့ QGIS ကိုပဲ ထုတ်သုံးရတော့တယ်၊ QGIS ကနေ ပြောင်းတဲ့ Coordinates ကိုတော့  လုံး၀ ကွက်တိ စိတ်တိုင်းကျနေရောပဲ၊ 

    အရင်ကတော့ QGIS ကိုသုံးပါတယ် Coordinates တွေ ပြောင်းတဲ့ နေရာမှာ Topo တိုင်းလာတဲ့ Points အများကြီးကို csv နဲ့ ထည့်ပြီး ပြောင်း Export လုပ်လိုက်တာပဲ အခုက ၁ ပွိုင့်ထဲ ဆိုတော့ ဖွင့်ရတာ ပျင်းတာလဲ ပါတယ်။ 

    ကျောင်းက ကလေးတွေက  ပြောင်းနည်းမေးလို့ QGIS နဲ့  ပြောင်းတာပြပေးလိုက်တော့ တယောက်က သူမှာ TBC ရှိတာ သုံးလို့မရဘူးလားမေးတယ် ရတာပေါ့လို့ အဲ့ဒီသူပြောင်းချင်တာက WGS84 ကနေ  SVY21 လွယ်တယ်လေ၊ ကိုယ်ကလဲ commercial software မသုံးချင် Free ရတာကို အရင်ရှာတာ ကိုယ့်အားနည်းချက်ကို ပြောပြလိုက်ရတယ်။ 


    

    

မိန်ရာဟင်းကောင်း

ကျွန်တော်သည်   နီပေါနိုင်ငံမှာ   Airborne LiDAR   မတိုင်းခင်   လိုအပ်သော   မြေပြင်ကွင်းဆင်းခြင်း၊   ယာယီ   GPS Control Point   များအတွက်   န...