အခုက LiDAR တွေစျေးသပ်သာလာတယ်၊ သေးငယ်ပေါ့ပါးလာတယ်၊ Battery စား သပ်သာလာတော့၊ Drone တွေမှာ တွင်တွင်ကျယ်ကျယ် အသုံးပြုလာကြပါပြီ၊ RIEGL က လဲ ထုတ်တယ် Senor အပါ Unit တခုလုံးကို USD 180k လောက်ရှိတယ် စျေးအလွန်များပါတယ်၊ Drone ကလဲ ပျက်ကျနိုင်စရာ risk ရှိတော့ ပျက်ကျရင် Sensor ပါ ပျက်နိုင်ချေရှိပါတယ်။ Drone ကလဲ သူကို သယ်ယူနိုင်တဲ့ Drone ဆိုတော့ သိန်းရာကျော်ထပ်ကုန်ဦးမှာပါ။
နောက်တခုက ခုမှ ခေတ်စားလာတဲ့ DJI L1 ပါ Livox စျေးသပ်သာတဲ့ Sensor ကို သုံးထားပါတယ်၊ Camera ရယ် DJI ရဲ့ RTK စနစ်ရယ် သူရဲ့ Flight Plan software တွေ Processing software တွေ၊ ပါဝါစနစ်တွေက အရမ်းကို Ecosystem တခုဖြစ်ပါတယ်၊ တကယ် ဆာဗေးတိုင်းရင် ကထိကထ နဲလေ အလုပ်လုပ်ရတာ စိတ်ချမ်းသာလေပါပဲ၊ Geosum တို့လို့ တခြား LiDAR စနစ်နဲ့ Drone ခွဲဝယ်ရတာတွေမှာ၊ RTK Mounting စနစ်တွေ၊ Sensor ပါဝါ စနစ်တွေ ကထိကထများမှာပါ၊ DJI က USD 13k ကျော်ရှိပါတယ်၊ တခြားလိုအပ်တာတွေပါထပ်ဝယ်ရင် USD 25K လောက်ဆို Survey စတိုင်းနိုင်ပြီ ဆိုပါတယ်၊
Indiana drone က Review လုပ်ထားတာကြည့်တော့ စျေးသပ်သာတဲ့ INS စနစ်ကို သုံးထားပုံရပါတယ်၊ Accuracy က သိပ်အဆင်မပြေပါဘူး၊ တိုပို ကွန်တို အတွက်က အဆင်ပြေပါတယ် အဆောက် အဦတွေ တံတားတွေကို လစဉ် Monitoring တွေ လုပ်မယ် Project တွေအတွက်ကတော့ မသုံးသင့်သေးပါဘူး၊ DJI က ရပ်တန့်နေမှာ မဟုတ်ပါဘူး Mapping လောကထဲမှာ ကျင်လည်နေတာ ကြာပါပြီ နောက်ထွက်မယ် Version မှာ သေချာပေါက်ကောင်းမှာပါ။
INS စနစ်ကထဲ USD 25k လောက်ရှိတယ်ဆိုတော့ UAV LiDAR အတွက်ကတော့ အကောင်းစားသုံးရင်လဲ စျေးက များလာမှာပါ၊ INS စနစ်ကောင်းမှကို ဖြစ်မှာပါ၊ LOAM ဆိုတဲ့ နည်းပညာကတော့ GPS ရော IMU ရော မလိုပါဘူး၊ ဒါပေမဲ့ စိတ်ချရတဲ့ နည်းတခုတော့ မဟုတ်သေးပါဘူး။
သေချာတာကတော့ Drone LiDAR တော့ Survey လောကရဲ့ မရှိမဖြစ် ကိရိယာ တခု ဖြစ်လာမှာ သေချာ မလွဲပါပဲ။
No comments:
Post a Comment