Sunday, 12 December 2021
Rudraksha (နီပေါနိုင်ငံ)
Saturday, 18 September 2021
WFH နဲ့ အပျင်းရောဂါ
Wednesday, 23 June 2021
LiDAR အကြောင်း
အခုက LiDAR တွေစျေးသပ်သာလာတယ်၊ သေးငယ်ပေါ့ပါးလာတယ်၊ Battery စား သပ်သာလာတော့၊ Drone တွေမှာ တွင်တွင်ကျယ်ကျယ် အသုံးပြုလာကြပါပြီ၊ RIEGL က လဲ ထုတ်တယ် Senor အပါ Unit တခုလုံးကို USD 180k လောက်ရှိတယ် စျေးအလွန်များပါတယ်၊ Drone ကလဲ ပျက်ကျနိုင်စရာ risk ရှိတော့ ပျက်ကျရင် Sensor ပါ ပျက်နိုင်ချေရှိပါတယ်။ Drone ကလဲ သူကို သယ်ယူနိုင်တဲ့ Drone ဆိုတော့ သိန်းရာကျော်ထပ်ကုန်ဦးမှာပါ။
နောက်တခုက ခုမှ ခေတ်စားလာတဲ့ DJI L1 ပါ Livox စျေးသပ်သာတဲ့ Sensor ကို သုံးထားပါတယ်၊ Camera ရယ် DJI ရဲ့ RTK စနစ်ရယ် သူရဲ့ Flight Plan software တွေ Processing software တွေ၊ ပါဝါစနစ်တွေက အရမ်းကို Ecosystem တခုဖြစ်ပါတယ်၊ တကယ် ဆာဗေးတိုင်းရင် ကထိကထ နဲလေ အလုပ်လုပ်ရတာ စိတ်ချမ်းသာလေပါပဲ၊ Geosum တို့လို့ တခြား LiDAR စနစ်နဲ့ Drone ခွဲဝယ်ရတာတွေမှာ၊ RTK Mounting စနစ်တွေ၊ Sensor ပါဝါ စနစ်တွေ ကထိကထများမှာပါ၊ DJI က USD 13k ကျော်ရှိပါတယ်၊ တခြားလိုအပ်တာတွေပါထပ်ဝယ်ရင် USD 25K လောက်ဆို Survey စတိုင်းနိုင်ပြီ ဆိုပါတယ်၊
Indiana drone က Review လုပ်ထားတာကြည့်တော့ စျေးသပ်သာတဲ့ INS စနစ်ကို သုံးထားပုံရပါတယ်၊ Accuracy က သိပ်အဆင်မပြေပါဘူး၊ တိုပို ကွန်တို အတွက်က အဆင်ပြေပါတယ် အဆောက် အဦတွေ တံတားတွေကို လစဉ် Monitoring တွေ လုပ်မယ် Project တွေအတွက်ကတော့ မသုံးသင့်သေးပါဘူး၊ DJI က ရပ်တန့်နေမှာ မဟုတ်ပါဘူး Mapping လောကထဲမှာ ကျင်လည်နေတာ ကြာပါပြီ နောက်ထွက်မယ် Version မှာ သေချာပေါက်ကောင်းမှာပါ။
INS စနစ်ကထဲ USD 25k လောက်ရှိတယ်ဆိုတော့ UAV LiDAR အတွက်ကတော့ အကောင်းစားသုံးရင်လဲ စျေးက များလာမှာပါ၊ INS စနစ်ကောင်းမှကို ဖြစ်မှာပါ၊ LOAM ဆိုတဲ့ နည်းပညာကတော့ GPS ရော IMU ရော မလိုပါဘူး၊ ဒါပေမဲ့ စိတ်ချရတဲ့ နည်းတခုတော့ မဟုတ်သေးပါဘူး။
သေချာတာကတော့ Drone LiDAR တော့ Survey လောကရဲ့ မရှိမဖြစ် ကိရိယာ တခု ဖြစ်လာမှာ သေချာ မလွဲပါပဲ။
Monday, 21 June 2021
TLS နဲ့ ကျွန်တော်
RIEGL VZ-400 ဆိုတဲ့ လေဆာ စက်က ကြာပေါ့ ရုံးမှာရှိတာ ၂၀၁၀ လောက်ထဲက ဝယ်ထားတာ ကိုယ်တောင် အလုပ်မဝင်ရသေးဘူး၊ အဲ့ခေတ်က LiDAR က အတော် စျေးကြီးတဲ့ ပစ္စည်းတခုပေါ့ သူ့ဝယ်တုန်က စင်ကာပူမှာ တိုက်ခန်းတခန်းဝယ်လို့ရတဲ့ စျေးနဲ့ ညီမျှတယ်။ ကာလီဘရေးရှင်း ပြန်လုပ်မလို့ စျေးမေးပြီး မလုပ်ဖြစ်သေးဘူး သူ့ကို စစ်မလား Faro အသစ်တလုံးဝယ်ရမလား စဉ်းစားတုန်း၊ ကိုယ်တာဝန်ယူထားတဲ့ စက်တွေ ဆိုတော့ ဖုန်သုတ် သေတ္တာထဲ သေချာထည့်သိမ်းထားတာပဲရှိတယ်၊
ဟိုတလောကမှ ကိုယ်က ပင်လယ်ရေ လေ့လာတဲ့ အဖွဲ့ကို ဒါရှိတယ် မင်းတို့လိုရင်ပြောလို့ စကား စထားတယ်၊ အဲ့ဒါနဲ့ပဲ သူတို့က တိုင်းတာချင်လာတယ်တဲ့ တိုင်းချင်တာက Coral အသေးလေးတွေ ကိုယ်စက်က တကယ် တိုပိုကြီးတွေ မိုင်းတွင်းတွေ ရှယ်တိုင်းတဲ့ အမျိုးအစား၊ အသေးတိုင်းတဲ့ စက်ကလဲ အိုဗားစီး ရောက်နေလေတော့ RIEGL ကြီးကိုထုတ် ဖုန်သုတ် အားသွင်း သူတို့လိုချင်တဲ့ Object ကို တိုင်းလို့ အဆင်ပြေမပြေ ကိုယ်က စမ်းရတော့တာပေါ့၊ စက်ထည့်တဲ့ သေတ္တာကို ကြမ်းမှာချ LiDAR ကို 60 ဒီဂရီစောင်း Scan ဖတ်ပေါ့၊ scan position ကိုတော့ သုံးနေရာပြောင်းတယ် လေဆာ မလွတ်အောင်လို့၊
သူ့ကို Scan ဖတ်တဲ့ Software က RiScan Pro ၃၂ ဘစ် ဆိုတော့ Resolution တင်လိုက်လို့ ဒေတာများရင် Memory မနိုင်ဘူး၊ Resolution ချပြီး တိုင်းတယ် မြန်တာပေါ့ တိုင်းရတာတော့၊ Scan Position သုံးနေရာလုံးကို Combine လုပ်တယ် အဲ့ဒီ Software နဲ့ပဲ၊ combine လုပ်တာရယ် Point Cloud ဖိုင် Export လုပ်ပြီဆိုရင်တော့ Dongle Key လိုတယ် လိုင်စင်ပေါ့၊
ရလာတဲ့ Point Cloud က Tripod ခြေထောက်တို့ မလိုတဲ့ နေရာတွေကို လှီးဖြတ်ဖို့ကျတော့ RiSCAN Pro ကို မသုံးချင်ဘူး၊ Free ရပြီး အရမ်းကောင်းတဲ့ Cloudcompare ကိုသုံးဖြစ်တယ်၊ အရင် ထဲ က ကြိုက်တာ CC ကို၊ အရင် Airborne LiDAR ထဲက စမ်းတယ်၊ Huge data တွေကို မနိုင်ပင်မဲ့ Segment တွေ ပိုင်းပြီး ကလိထားတော့ လက်က ယဉ်နေသေးတယ်။
Cloud Compare နဲ့ သန့်စင်ပြီး သကာလ 3D လုံးဖို့ကျတော့ Meshlab ကို သုံးဖြစ်တယ်၊ Mesh လုပ်တာ CC မှာလဲရတယ်၊ Meshlab ကို သုံးရတာ ပိုကြိုက်တယ်၊ Select လုပ်ရတာတော့ နဲနဲခက်တယ်၊ Paremeter ကစားကတာကို Meshlab က ပို မြန်တယ် ခံစားရတယ်။ အဲ့ဒီ ၂ ခုလုံးက Mac မှာရတော့ လုပ်ရကိုင်ရ အဆင်ပြေတယ်၊ Windows စက်ပြောင်းကိုင်ရတာကိုက ဒေတာကို ဟိုပို့ ဒီကူးလုပ်ရတာ စိတ်မရှည်။
Meshlab ကနေရလာတဲ့ ဒေတာကို Export လုပ်တော့ Ply နဲ့ လဲလုပ်တယ် dae နဲ့လဲ လုပ်တယ်၊ dae ကိုတော့ Sketchup ထဲထည့်တယ်၊ ကိုယ်သုံးတာက Sketchup Make ဆိုတော့ Export ပြန်လုပ်ရင် stl ဖိုင်နဲ့ ထုတ်မရဘူး။ Sketchup online နဲ့ ပြန်ပြောင်းရတယ်၊ Sketchup ကလဲ အရင်လို gmail နဲ့မရတော့ဘူး အကောင့်ပြန်လုပ်ရတယ်၊ Sketchup သုံးတာက 3D Print ထုတ်တဲ့ အခါ အောက်ခံ တဲ့ Frame လေး ထည့်ချင်လို့၊
stl format နဲ့ ရလာတော့ နောက်ဆုံးတခုက gcode ပြောင်းတာ CURA ကိုသုံးတယ် ကိုယ့် 3D Printer က Print ရုံးမှာဆိုတော့ အချိန်အကြာကြီးမပေးနိုင်ဘူး Quality ကောင်းကောင်းတင်တယ်၊ Size ကိုတော့ ၈ နာရီလောက်ပဲ အများဆုံးပေးနိုင်တော့ အဲ့ဒီ အတွင်းရအောင်ချိန်ထုတ်တယ်၊
အဲ့ဒီတော့ Project တခုက Point cloud ပေးနိုင်တယ်၊ 3D Mesh ပေးနိုင်တယ်၊ 3D model ပေးနိုင်တယ်၊ 3D Print ထုတ်ထားတာပေးနိုင်တယ်၊ ဒါပေမဲ့ တချို့ဆရာတွေက 3D software တွေနဲ့ အကျွမ်းတဝင်ရှိတာမဟုတ်ဘူး၊ အဲ့ဒီတော့ Web မှာ မြင်ရအောင် potree သုံးပြီး တင်ပေးလိုက်တယ်၊ ဒေတာက အပြင်ချပြလို့မရတော့ ရုံးက အင်ထရာနက်က Site မှာပဲ Deploy လုပ်ထားလိုက်တယ်၊ off campus ရောက်နေရင် VPN နဲ့ ဝင်ကြည့်ရတယ်၊ WebGL Support ပေးတဲ့ Browser နဲ့ ဝင်ကြည့်ရင် တော်တော်လေး ကြည့်လို့ကောင်းတယ်၊ တိုင်းတာတာ ဘာညာ နဲ့ LiDAR point တွေကို Intensity တွေ Elevation စတဲ့ စကေးတွေ ကစားလို့ရတော့ လူစိတ်ဝင်စားတာပေါ့။
Work flow တခုလုံးက လုံး၀ မခက်ဘူး နောက်ပိုင်းစိတ်ဝင်စားရင် ပြောပြပေးမယ်။
GPS တွက်ချက်ခြင်း
အခုရက်ပိုင်းက CORS GPS တွေ မတွက်ဖြစ် ၁ နှစ်ကို ၂ ခါလောက်ပဲတွက်မယ်စိတ်ကူးထားတာ ဒါပေမဲ့ UNAVCO က မြန်မာ ၅ စခန်း ကဘော် ပြတ်ရွေ့ အရွေ့လေးသိချင်တာနဲ့ အပျော်တွက်ကြည့်ဖြစ်တယ် ၂ နှစ်ခွဲလောက် ဒေတာဆိုတော့ ၂ပတ်လောက်တွက်ရတယ်၊ Script နဲ့ run ပေးထားလိုက်ပါတယ်၊ Velocity နဲ့ Timeseries plot တွေ ထွက်လာတော့ စိတ်ဝင်စားဖို့ကောင်းတာတွေတော့တွေ့ပါတယ်၊ Plot တွေကတော့ မတင်တော့ပါဘူး သုတေသနသမားတွေ ပေပါထွက်လာမှာပဲထင်ပါတယ်။ unavco ကိုယ်တိုင်ကလဲ Velocity Map ထုတ်ပါလိမ့်မယ်။
အခုက ရေးချင်တာက SVY21 ပဲ၊ သိတဲ့ GPS Know ကနေ Trimble Business Center နဲ့ တွက်ပေးတာ၊ သာမာန် GPS တွက်တာလေးပါပဲ၊ SVY21 ကနေ WGS84 နဲ့ Lat Lon ကို TBC မှာ ထည့်ပေးရမှာ၊ WGS84 Lat Lon က မသိဘူး၊ ပြောင်းပြီးထည့်လိုက်ရတာပဲဆိုတော့ အရင် ပြောင်းနေကျ Software လေးတွေ ပြန်ရှာ မတွေ့တော့ဘူး Online ကနေ တိုက်ရိုက်ပြောင်းပေးတဲ့ site တခု နှစ်ခုကနေ စမ်းပြောင်းကြည့်တယ်၊ Lat Lon တော့ရလာတယ် TBC ထဲ ထည့်လိုက်တော့၊ SVY21 နဲ့ ပြန်ပြကြည့်တယ်၊ Know Coordinates နဲ့ အနဲငယ်ကွဲနေပြန်ရော။ အဲ့ဒါနဲ့ စိတ်တိုင်းမကျတော့ တခါထပ် ပြောင်းတဲ့ Software လေးတွေပြန်ရှာ မရပြန်ဘူး၊ နောက်ဆုံးတော့ QGIS ကိုပဲ ထုတ်သုံးရတော့တယ်၊ QGIS ကနေ ပြောင်းတဲ့ Coordinates ကိုတော့ လုံး၀ ကွက်တိ စိတ်တိုင်းကျနေရောပဲ၊
အရင်ကတော့ QGIS ကိုသုံးပါတယ် Coordinates တွေ ပြောင်းတဲ့ နေရာမှာ Topo တိုင်းလာတဲ့ Points အများကြီးကို csv နဲ့ ထည့်ပြီး ပြောင်း Export လုပ်လိုက်တာပဲ အခုက ၁ ပွိုင့်ထဲ ဆိုတော့ ဖွင့်ရတာ ပျင်းတာလဲ ပါတယ်။
ကျောင်းက ကလေးတွေက ပြောင်းနည်းမေးလို့ QGIS နဲ့ ပြောင်းတာပြပေးလိုက်တော့ တယောက်က သူမှာ TBC ရှိတာ သုံးလို့မရဘူးလားမေးတယ် ရတာပေါ့လို့ အဲ့ဒီသူပြောင်းချင်တာက WGS84 ကနေ SVY21 လွယ်တယ်လေ၊ ကိုယ်ကလဲ commercial software မသုံးချင် Free ရတာကို အရင်ရှာတာ ကိုယ့်အားနည်းချက်ကို ပြောပြလိုက်ရတယ်။
UNAVCO ကနေ မြန်မာ နိုင်ငံထဲက CORS GPS ဒေတာ ရယူခြင်း
UNAVCO က မြန်မာနိုင်ငံထဲမှာ CORS GPS Station (၅) လုံးတပ်ဆင်ထားပါတယ်၊ (၂၀၁၈) နှစ်ကုန်ပိုင်းလောက်မှ စတင် တပ်ဆင်ထားပါတယ်၊ မိုးဇလနဲ့ ပူးပေါင်းပြီး တည်ဆောက်ထားတာပါ၊ တည်နေရာတွေကတော့ တီးတိန်၊ ကလေး၊ ကလေး၀ ကနေ တန့်ဆည် အထိ အတန်းလိုက်ပါ၊
နေ့စဉ် GPS အခြေအနေနဲ့ ဒေတာတွေက UNAVCO Site မှာ ကြည်ရူ့ရယူနိုင်ပါတယ်။ Data policy ပိုင်းကိုတော့ သူတို့ Site မှာ အသေးစိပ်ရေးပေးထားပါတယ်၊ တကယ်လို့ သုတေသနပဲဖြစ်ဖြစ် ဆာဗေးအတွက်ပဲဖြစ်ဖြစ် အသုံးလိုမယ် ဆိုရင် အောက်ပါအတိုင်း ဒေတာကိုရယူနိုင်ပါတယ်။ ရယူနည်းများစွာရှိပါတယ်၊ အခုကတော့ Map ကနေယူတာဖြစ်ပါတယ်။
https://www.unavco.org/instrumentation/networks/map/map.html
အခု Link ကို သွားလိုက်ရင် GPS စခန်းတွေ ကို တွေ တွေ့ရမှာပါ၊ မြန်မာနိုင်ငံကို Zoom in လုပ်လိုက်ရင် စက် (၅) လုံးကို တွေ့ရမှာပါ၊ စိမ်းနေရင် လက်ရှိ အလုပ်လုပ်နေတဲ့ သဘောဖြစ်ပါတယ်၊ ဒီထက်ပိုသိချင်ရင်တော့ Point ကို Click နှိပ်ပြီး Information တွေ ထပ်ကြည့်နိုင်ပါတယ်။
ကိုယ် ဆာဗေး Area နဲ့ အနီးဆုံး အလုံးကို CORS Station အနေနဲ့ ယူသုံးနိုင်ပါတယ်။
နောက်တဆင့်ကတော့ အောက်က Link ကို သွားပါ၊ ပြီးတာနဲ့ ကိုယ် လိုချင်တဲ့ CORS GPS စခန်းရဲ့ တည်နေရာကို Polygon ဆွဲရပါမယ်၊
https://www.unavco.org/data/dai/?lat=23.423807&lon=94.825005&zoom=7.70
ပြီးရင် ကိုယ်လိုချင်တဲ့ ရက်ကို ရွေးပေးရမှာ ဖြစ်ပါတယ်၊ Search ကိုနှိပ် အောက်က Filter ပေါ်လာရင် ကိုယ် Download လုပ်ချင်တဲ့ Station ကိုရွေးပေးပါ၊ ပြီးတော့ Download ဆိုတာကိုနှပ် Obs ဆိုတာကို Check လုပ်ပေးပါ၊ Nav လိုတဲ့ သူဆိုရင်လဲ သူကိုပါ Download လုပ်နိုင်ပါတယ်၊
ရလာတဲ့ File က RINEX ဖိုင်ဖြစ်ပါတယ်၊ ကိုယ့် Static ခုံနဲ့ ရောပြီး တွက်လို့ရပါတယ်၊
အားလုံး ဒီကာလမှာ အဆင်ပြေကြပါစေ။
မိန်ရာဟင်းကောင်း
ကျွန်တော်သည် နီပေါနိုင်ငံမှာ Airborne LiDAR မတိုင်းခင် လိုအပ်သော မြေပြင်ကွင်းဆင်းခြင်း၊ ယာယီ GPS Control Point များအတွက် န...
-
IOT အခုရက်တွေမှာ Work From Home များပါတယ်၊ အလုပ်က အိမ်ကနေလဲ လုပ်လို့ရတဲ့ အလုပ်အမျိုးအစားဖြစ်လို့ သိပ်တော့ ပြသနာမရှိပေမဲ့ ပျင်းတဲ့ ရောဂါ...
-
ကျွန်တော်သည် နီပေါနိုင်ငံမှာ Airborne LiDAR မတိုင်းခင် လိုအပ်သော မြေပြင်ကွင်းဆင်းခြင်း၊ ယာယီ GPS Control Point များအတွက် န...
-
ငလျင်စက်တွေတပ်ဆင်တော့ နယ်အစုံရောက်ရပါတယ်၊ သာစည်လဲတခု အပါအဝင်ဖြစ်ပါတယ်။ ဘုရားဝန်းထဲမှာပါ။ ငလျင်စက်က မြေအနက်မှာ ထားတာဖြစ်တာကြောင့...