RIEGL VZ-400 ဆိုတဲ့ လေဆာ စက်က ကြာပေါ့ ရုံးမှာရှိတာ ၂၀၁၀ လောက်ထဲက ဝယ်ထားတာ ကိုယ်တောင် အလုပ်မဝင်ရသေးဘူး၊ အဲ့ခေတ်က LiDAR က အတော် စျေးကြီးတဲ့ ပစ္စည်းတခုပေါ့ သူ့ဝယ်တုန်က စင်ကာပူမှာ တိုက်ခန်းတခန်းဝယ်လို့ရတဲ့ စျေးနဲ့ ညီမျှတယ်။ ကာလီဘရေးရှင်း ပြန်လုပ်မလို့ စျေးမေးပြီး မလုပ်ဖြစ်သေးဘူး သူ့ကို စစ်မလား Faro အသစ်တလုံးဝယ်ရမလား စဉ်းစားတုန်း၊ ကိုယ်တာဝန်ယူထားတဲ့ စက်တွေ ဆိုတော့ ဖုန်သုတ် သေတ္တာထဲ သေချာထည့်သိမ်းထားတာပဲရှိတယ်၊
ဟိုတလောကမှ ကိုယ်က ပင်လယ်ရေ လေ့လာတဲ့ အဖွဲ့ကို ဒါရှိတယ် မင်းတို့လိုရင်ပြောလို့ စကား စထားတယ်၊ အဲ့ဒါနဲ့ပဲ သူတို့က တိုင်းတာချင်လာတယ်တဲ့ တိုင်းချင်တာက Coral အသေးလေးတွေ ကိုယ်စက်က တကယ် တိုပိုကြီးတွေ မိုင်းတွင်းတွေ ရှယ်တိုင်းတဲ့ အမျိုးအစား၊ အသေးတိုင်းတဲ့ စက်ကလဲ အိုဗားစီး ရောက်နေလေတော့ RIEGL ကြီးကိုထုတ် ဖုန်သုတ် အားသွင်း သူတို့လိုချင်တဲ့ Object ကို တိုင်းလို့ အဆင်ပြေမပြေ ကိုယ်က စမ်းရတော့တာပေါ့၊ စက်ထည့်တဲ့ သေတ္တာကို ကြမ်းမှာချ LiDAR ကို 60 ဒီဂရီစောင်း Scan ဖတ်ပေါ့၊ scan position ကိုတော့ သုံးနေရာပြောင်းတယ် လေဆာ မလွတ်အောင်လို့၊
သူ့ကို Scan ဖတ်တဲ့ Software က RiScan Pro ၃၂ ဘစ် ဆိုတော့ Resolution တင်လိုက်လို့ ဒေတာများရင် Memory မနိုင်ဘူး၊ Resolution ချပြီး တိုင်းတယ် မြန်တာပေါ့ တိုင်းရတာတော့၊ Scan Position သုံးနေရာလုံးကို Combine လုပ်တယ် အဲ့ဒီ Software နဲ့ပဲ၊ combine လုပ်တာရယ် Point Cloud ဖိုင် Export လုပ်ပြီဆိုရင်တော့ Dongle Key လိုတယ် လိုင်စင်ပေါ့၊
ရလာတဲ့ Point Cloud က Tripod ခြေထောက်တို့ မလိုတဲ့ နေရာတွေကို လှီးဖြတ်ဖို့ကျတော့ RiSCAN Pro ကို မသုံးချင်ဘူး၊ Free ရပြီး အရမ်းကောင်းတဲ့ Cloudcompare ကိုသုံးဖြစ်တယ်၊ အရင် ထဲ က ကြိုက်တာ CC ကို၊ အရင် Airborne LiDAR ထဲက စမ်းတယ်၊ Huge data တွေကို မနိုင်ပင်မဲ့ Segment တွေ ပိုင်းပြီး ကလိထားတော့ လက်က ယဉ်နေသေးတယ်။
Cloud Compare နဲ့ သန့်စင်ပြီး သကာလ 3D လုံးဖို့ကျတော့ Meshlab ကို သုံးဖြစ်တယ်၊ Mesh လုပ်တာ CC မှာလဲရတယ်၊ Meshlab ကို သုံးရတာ ပိုကြိုက်တယ်၊ Select လုပ်ရတာတော့ နဲနဲခက်တယ်၊ Paremeter ကစားကတာကို Meshlab က ပို မြန်တယ် ခံစားရတယ်။ အဲ့ဒီ ၂ ခုလုံးက Mac မှာရတော့ လုပ်ရကိုင်ရ အဆင်ပြေတယ်၊ Windows စက်ပြောင်းကိုင်ရတာကိုက ဒေတာကို ဟိုပို့ ဒီကူးလုပ်ရတာ စိတ်မရှည်။
Meshlab ကနေရလာတဲ့ ဒေတာကို Export လုပ်တော့ Ply နဲ့ လဲလုပ်တယ် dae နဲ့လဲ လုပ်တယ်၊ dae ကိုတော့ Sketchup ထဲထည့်တယ်၊ ကိုယ်သုံးတာက Sketchup Make ဆိုတော့ Export ပြန်လုပ်ရင် stl ဖိုင်နဲ့ ထုတ်မရဘူး။ Sketchup online နဲ့ ပြန်ပြောင်းရတယ်၊ Sketchup ကလဲ အရင်လို gmail နဲ့မရတော့ဘူး အကောင့်ပြန်လုပ်ရတယ်၊ Sketchup သုံးတာက 3D Print ထုတ်တဲ့ အခါ အောက်ခံ တဲ့ Frame လေး ထည့်ချင်လို့၊
stl format နဲ့ ရလာတော့ နောက်ဆုံးတခုက gcode ပြောင်းတာ CURA ကိုသုံးတယ် ကိုယ့် 3D Printer က Print ရုံးမှာဆိုတော့ အချိန်အကြာကြီးမပေးနိုင်ဘူး Quality ကောင်းကောင်းတင်တယ်၊ Size ကိုတော့ ၈ နာရီလောက်ပဲ အများဆုံးပေးနိုင်တော့ အဲ့ဒီ အတွင်းရအောင်ချိန်ထုတ်တယ်၊
အဲ့ဒီတော့ Project တခုက Point cloud ပေးနိုင်တယ်၊ 3D Mesh ပေးနိုင်တယ်၊ 3D model ပေးနိုင်တယ်၊ 3D Print ထုတ်ထားတာပေးနိုင်တယ်၊ ဒါပေမဲ့ တချို့ဆရာတွေက 3D software တွေနဲ့ အကျွမ်းတဝင်ရှိတာမဟုတ်ဘူး၊ အဲ့ဒီတော့ Web မှာ မြင်ရအောင် potree သုံးပြီး တင်ပေးလိုက်တယ်၊ ဒေတာက အပြင်ချပြလို့မရတော့ ရုံးက အင်ထရာနက်က Site မှာပဲ Deploy လုပ်ထားလိုက်တယ်၊ off campus ရောက်နေရင် VPN နဲ့ ဝင်ကြည့်ရတယ်၊ WebGL Support ပေးတဲ့ Browser နဲ့ ဝင်ကြည့်ရင် တော်တော်လေး ကြည့်လို့ကောင်းတယ်၊ တိုင်းတာတာ ဘာညာ နဲ့ LiDAR point တွေကို Intensity တွေ Elevation စတဲ့ စကေးတွေ ကစားလို့ရတော့ လူစိတ်ဝင်စားတာပေါ့။
Work flow တခုလုံးက လုံး၀ မခက်ဘူး နောက်ပိုင်းစိတ်ဝင်စားရင် ပြောပြပေးမယ်။